တက်လက်ငယ်တံတားပေါ်က ကားတစ်စီး ချောင်းထဲပြုတ်ကျ ခရီးသည် (၁) ဦး သေဆုံး


၂၀၁၆ မတ်လ ၁၀ ရက်နေ့ မနက် ၄ နာရီအချိန်ခန်က ကော့သောင်းမှ မြိတ်မြို့သို့ မောင်းနင်းလာသည့် ရွှေဝယ်ဟိန်း ခရီးသည်တင် ကားသည် မြိတ်မြို့ တက်လက်ငယ်ကျေးရွာ၊ တက်လက်ငယ် တံတား မိုင်တိုင်အမှတ်(၃၁/ ၃၂) အကြား အကျယ် ၁၀ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ် တံတားပေါ်မှ ချောင်းထဲ ပြုတ်ကျသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် အမျိုးသမီး ဒေါ်အေးကြည် (၄၁) မှာ သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ခရီးသည် ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြိတ် သတင်း


တက်လက်ငယ်တံတားပေါ်က ကားတစ်စီး ချောင်းထဲပြုတ်ကျ ခရီးသည် (၁) ဦး သေဆုံး  တက်လက်ငယ်တံတားပေါ်က ကားတစ်စီး ချောင်းထဲပြုတ်ကျ ခရီးသည် (၁) ဦး သေဆုံး Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.