ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ


နိရဉ္စရာ၊ မတ်လ ၂၃

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကျင်းပသော ဒေသန္တရ ရွေးကောက်ပွဲ အတွင်း အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ထောင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာနိုင်ငံထုတ် The Dailystar သတင်းစာ အရ သိရသည်။

သေဆုံးသူများထဲတွင် Pirojpur ခရိုင်မှ ၅ ဦးဖြစ်ပြီး လူပေါင်း ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ မြန်မာ နယ်စပ် အနီးရှိ ကော့စ်ဘဇား ခရိုင်တွင် နှစ်ဦးသေဆုံးပြီး တစ်ခြားခရိုင်သုံးခုတွင် တစ်ယောက်စီ သေဆုံးခဲ့သည်ဟု ဆိုသည်။ ။


ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြို့နယ် အဆင့် ဒေသန္တရ ရွေးကောက်ပွဲများ ကျင်းပနေရာ ယင်းရွေးကောက်ပွဲမှာ လာမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် အရေးကြီးသဖြင့် ၎င်းမြို့နယ် အဆင့် ဥက္ကဋ္ဌ နေရာ အတွက် နို်င်ငံရေး ပါတီများ အကြား သူနိုင် ကိုယ်နိုင် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ရှ်တွင် ဒေသန္တရအဆင့် ဥက္ကဋ္ဌ နေရာ ၇၃၀ ရှိရာ ၇၁၂ နေရာ အတွက် ယမန်နေ့က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ကျန် ၁၈ နေရာတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews
ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ  ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.