လယ်ကွင်းတလင်းပြင်၌ ညအိပ်စောင့်သူကို အရက်မူးပြီး သွားရောက်နှောက်ယှက် မဖွယ်မရာပြုသည့် ပန်းပင်စုကျေးရွာသားနှစ်ဦး ဓားဖြင့်ခုတ်သတ်ခံခဲ့ရ


၂၀၁၆ ၊ မတ် ၂၈

၂၆-၃-၂၀၁၆ နံနက် ၀၇း၃၀နာရီ အချိန်ခန့်မှာ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် ၊ သူဌေးကုန်းကျေးရွာအုပ်စု ၊ သူဌေးကုန်းကျေးရွာရှိ ဦးခင်မောင်အေး ပိုင် လယ်ကွက်အမှတ်(၇၆၇)၏ တလင်းပြင်၌ ဝါးတိုင်(၄)တိုင်နှင့်ယာယီအစောင့်တဲ ခြင်ထောင်းအတွင်း အိပ်ယာဖျာပေါ်၌ အမျိုးသားနှစ်ဦး ဓားခုတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို လယ်ပိုင်ရှင် ဦးခင်မောင်အေးက တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့ရာ ရွှေတောင်မှော်ကျေးရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မိုးလွင် နှင့် ရေလဲကလေးကျေးရွာရဲကင်းမှူး ရဲအုပ်အောင်ကျော်ကျော်တို့ အဖွဲ့မှ အခင်းဖြစ်ရာနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည် ။


 ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သေဆုံးသူနှစ်ဦးမှာ ပန်းပင်စုကျေးရွာအုပ်စု ၊ ပန်းပင်စုအနောက်ကျေးရွာနေ လယ်ပိုင်ရှင် ဦးခင်မောင်အေး၏သား အသက်(၂၈)နှစ်အရွယ် မောင်ရဲလင်းထိုက် နှင့် ပန်းပင်စုကျေးရွာအုပ်စု ၊ ပန်းပင်စုအနောက်ကျေးရွာနေ ဦးအုံးတင်၏ သား အသက်(၃၀)နှစ်အရွယ် ဟိန်းကြီး (ခ) ဟိန်းဇော်အောင်တို့ ဖြစ်ကြကြောင်း ၊ မောင်ဟိန်းဇော်အောင်သည် လည်ပင်းပြတ်ရှ ဒဏ်ရာ(၄)ချက်ဖြင့်လည်းကောင်း ၊ မောင်ရဲလင်းထိုက်သည် လည်ပင်းပြတ်ရှ ဒဏ်ရာ(၁)ချက် ၊ ဝဲဘက်ပါးပြင်တွင် ပြတ်ရှ ဒဏ်ရာ(၂)ချက် ၊ ဝဲဘက်လက်ခုံ၌ ပြတ်ရှဒဏ်ရာ (၃)ချက်တို့ဖြင့် လည်းကောင်း ဓားဖြင့် ခုတ်သတ်ခံထားရသည့် ဒဏ်ရာများဖြင့် ညဉ်နက်ပိုင်းကတည်းကပင် သေဆုံးခဲ့ကြဟန်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပြီး အထက်သို့ ဆက်လက်တင်ပြရာ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝေဦးအောင်ဆောင်သည့်မြိုနယ်ရဲတပ်ဖွဲ့ရုံးမှလည်း သွားရောက်ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည် ။


သေဆုံးနေသည့် ရုပ်အလောင်းနှစ်လောင်းအား နံနက် ၀၈း၃၀နာရီအချိန်ခန့်တွင် မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီး ၊ ရင်ခွဲရုံသို့ ဒေသခံကျေးရွာလူမှုကရုဏာအသင်းမှပို့ဆောင်ပေးခဲ့ပြီး နံနက် ၁၁း၀၀နာရီအချိန်ခန့်တွင် သေဆုံးသူတို့၏ မိသားစုအသိုင်းအဝိုင်းမှ ပန်းပင်စုအနောက်ကျေးရွာနေအိမ်များသို့ ပြန်လည်သယ်ယူသွားခဲ့ကြောင်း ၊ ယင်းသေမှုသေခင်း လူသတ်မှုဖြစ်စဉ်အား သေဆုံးသူမောင်ရဲလင်းထိုက်၏ ဖခင် လယ်ပိုင်ရှင်ဦးခင်မောင်အေးက သေဆုံးသူ နှစ်ဦးအတွက် လူသတ်တရားခံအား ဥပဒေအရ အရေးယူနိုင်ရန် ၂၆-၃-၂၀၁၆ နံနက် ၁၀း၀၀နာရီအချိန်ခန့်မှာ ရွှေတောင်မှော်ကျေးရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မိုးလွင်ထံ ပ- ၁၃/၂၀၁၆ ၊ ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့် အဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည် ။


ပြစ်မှုကျူးလွန်အား အမြန်ဆုံးဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်ရာ တရားခံဟုယူဆရသူ အဆိုပါ တလင်းပြင်တွင် ၎င်းပိုင်မတ်ပဲကောက်လှိုင်းများထားရှိသည့်အတွက် ညအိပ်စောင့်သည့် အသက်(၃၃)နှစ်အရွယ် ကျော်ဇော(ခ)အောင်ကျော်ဇော(ခ)ကျော်ဇင်လတ် (ဘ)ဦးဖိုးသီး ၊ သုံးခွဆိုင်ကျေးရွာ ၊ တော်တလုတ်ကျေးရွာနေသူသည် ပျောက်ဆုံးနေပြီး ၎င်းအားစုံစမ်းခဲ့စမ်းရာတွင် အောင်ကျော်ဇောသည် ၂၆-၃-၂၀၁၆ နံနက် ၀၂း၀၀နာရီကျော်အချိန်ခန့်ကတည်းကပင် ရေလဲလမ်း ၊ အောင်ဟိတ် - ဆိပ်သာလမ်းတို့မှတဆင့် ယခင်ကသူ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ကျုံရှကျေးရွာအုပ်စု ၊ ကျုံရှကျေးရွာသို့ ခြေလျင်လမ်းလျှောက်၍ တိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝေဦးဆောင်၍ မအူပင်ခရိုင်ရဲတပ်ဖွဲ့ရုံး မှုခင်းအကူဌာန(ဒုစရိုက်နှိမ်နင်းရေးအဖွဲ့)မှ ဒုတိယခေါင်းဆောင်ရဲအုပ်သူအောင်၏တပ်ဖွဲ့ဝင်များ ၊ ကျွဲဒုံးကျေးရွာနယ်မြေရဲစခန်းမှူးကျော်အုပ်ကျော်ဦး၏ ရဲအဖွဲ့တို့နှင့်အတူ ကျုံရှကျေးရွာသို့ တရားခံအားသွားရောက်ရှာဖွေရာတွင် ၂၆-၃-၂၀၁၆ နေ့လည် ၀၁း၄၅နာရီအချိန်ခန့့််မှာ တရားခံကျော်ဇော(ခ)အောင်ကျော်ဇော်အား ကျုံရှကျေးရွာထိပ်တွင် အသာတကြည် ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။


အဆိုပါတရားခံအား မအူပင်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာကာ သက်ဆိုင်ရာရဲအဖွဲ့နှင့် ဒုစရိုက်နှိမ်နင်းရေးရဲအဖွဲ့(ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)က ယင်းနေ့ ညပိုင်းအထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် တရားခံသည် ၂၅-၃-၂၀၁၆ ညတွင် အခင်းဖြစ်သည့် တလင်းပြင်တွင် သူ၏မတ်ပဲကောက်လှိုင်းများထားရှိသဖြင့် ယာယီတဲထိုး၍ ခြင်ထောင်ဖြင့် အိပ်နေစဉ် ည ၀၇း၀၀နာရီကျော်အချိန်ခန့်တွင် သေဆုံသူနှစ်ဦး ရောက်ရှိလာပြီး ခြင်ထောင်အားလှန်၍ ခေါင်းအုံးကိုဆွဲယူကာ စုတ်ဖြဲနှောက်ယှက်ပြီး ထွက်သွားခဲ့ကြောင်း ၊ တရားခံသည် ခေါင်းအုံးစရာမရှိတော့သဖြင့် ကောက်ရိုးများထုံး၍ ဆက်လက်အိပ်နေရာတွင် ည ၁၂း၀၀နာရီအချိန်ခန့်တွင် သေဆုံးသူနှစ်ဦးက အရက်ပုလင်းများကိုကိုင်ဆောင်၍ ထပ်မံရောက်ရှိလာပြီး ခြင်းထောင်ဆွဲလှန်ကာ သေဆုံးသူ ဟိန်းဇော်အောင်က တရားခံအားအနောက်မှ ချုပ်ကိုင်ပြီး သေဆုံးသူ ရဲလင်းထိုက်မှ ပုဆိုးလှန်၍ တရားခံ၏ မျက်နှာကို တေ့၍ ဖဖွယ်မရာပြုကြောင်း ၊ ထိုသို့ ပြုလုပ်သည့်အတွက် တရားခံက ဆောင့်ကန် ရုန်းကန်ရာ ရဲလင်းထိုက်မှ တရားခံအား လက်သီးဖြင့် တစ်ချက်ထိုးလိုက်ကြောင်း ၊ လက်သီးဖြင့် အထိုးခံလိုက်ရသဖြင့် တရားခံသည် စိတ်ဆိုး ဒေါသထွက်ကာ ရုန်းကန်ထွက်ပြီး အိပ်ယာဖျာအောက်ရှိ ဓားမကို ဆွဲယူ၍ သေဆုံးခဲ့သူ နှစ်ဦးအား အချက်ပေါင်းများစွာ ဓားဖြင့်ခုတ်သတ်ခဲ့ရသည် ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည် ။

တရားခံအောင်ကျော်ဇောသည် လယ်ပိုင်ရှင် ဦးခင်မောင်အေး၏ မိသားစုနှင့် ဆွေမျိုးတော်စပ်သလို သေဆုံးသူ ရဲလင်းထိုက် နှင့် ညီအစ်ကို နှစ်ဝမ်းကွဲ တော်စပ်ကြကြောင်း သိရသည် ။

သေမှုသေခင်းဓာတ်ပုံ : ကိုဝင်းနိုင်(ဒေသခံကျေးရွာ)

‪‎မအူပင်သတင်းပုံရိပ်‬ Page

လယ်ကွင်းတလင်းပြင်၌ ညအိပ်စောင့်သူကို အရက်မူးပြီး သွားရောက်နှောက်ယှက် မဖွယ်မရာပြုသည့် ပန်းပင်စုကျေးရွာသားနှစ်ဦး ဓားဖြင့်ခုတ်သတ်ခံခဲ့ရ  လယ်ကွင်းတလင်းပြင်၌ ညအိပ်စောင့်သူကို အရက်မူးပြီး သွားရောက်နှောက်ယှက် မဖွယ်မရာပြုသည့် ပန်းပင်စုကျေးရွာသားနှစ်ဦး ဓားဖြင့်ခုတ်သတ်ခံခဲ့ရ Reviewed by THITHTOOLWIN on 13:58 Rating: 5
Powered by Blogger.