အိုမန်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၈ ဦး သေဆုံး

ဘတ်စ်ကား တိမ်းမှောက်မှုအား တွေ့ရစဉ် (ဆင်ဟွာ)
    မက်စ်ကက်၊ မတ် ၁ ရက် (ဆင်ဟွာ)

    အရှေ့အလယ်ပိုင်းဒေသ အိုမန်နိုင်ငံတွင် Salalah- Dubai အကြား ပြေးဆွဲနေသည့် ခရီးသည်တင် ဘတ်စ်ကား တစ်စီးသည် မတ်လ ၁ ရက်က ဖဟတ်နှင့် lbri ဒေသအား ချိတ်ဆက်ထားသည့် လမ်းမကြီးပေါ်ရှိ ယာဉ်သွား လာမှု လွယ်ကူစေရန် ပြုလုပ်ထားသော အဝိုင်းနေရာ၌ ကုန်တင်ကားတစ်စီး၊ ကားတစ်စီးတို့နှင့် အပြင်းအထန် တိုက်မိရာ လူ ၁၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အိုမန် တော်ဝင် ရဲတပ်ဖွဲ့ (ROP) က ယင်း မတော်တဆမှုအား အတည်ပြုခဲ့ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိနိုင်ရန် စောင့်ဆိုင်းနေဆဲဟု ဆိုသည်။

သတင်းရင်းမြစ်များ အဆိုအရ ခရီးသည် ၂၈ ဦးအား တင်ဆောင်လာသည့် ထိုဘတ်စ်ကားမှာ Salalah မြို့မှ ဒူဘိုင်း သို့ ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၃း၃၀ နာရီတွင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိုမန်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၈ ဦး သေဆုံး  အိုမန်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၈ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.