ပြည်ထောင်စုလွှတ်တော်သို့ ဝန်ကြီးဌာန စာရင်းများ နှစ်ရက်အတွင်း တင်ပြမည်၊ လွှတ်တော်တွင် ဆွေးနွေးအကြံပြုနိုင်ဟု ဆို


မတ်လ ၁၇ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစိုးရသစ်က ဖွဲ့စည်းမည့် ဝန်ကြီးဌာန အရေအတွက် အမည်နှင့် ဝန်ကြီးဦးရေတို့ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံထားရသူက တင်ပြရန် အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသည်။

နိုင်ငံတော်သမ္မတအသစ် တင်ပြမည့် ဝန်ကြီးဌာန အရေအတွက် အမည် စာရင်းများနှင့် ပတ်သက်ပြီး ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များ ရှိပါက လွှတ်တော်ရုံးသို့ အမည်စာရင်းပေးသွင်းရန်လည်း အစီအစဉ်တွင် ထည့်သွင်း ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ' ဝန်ကြီး ဌာနတွေ ပေါင်းသင့်တာ ပေါင်းရမှာပေါ့။ ဌာန ၂၀ ကျော်လောက်ပဲ ရှိမယ်ထင်တယ်' ဟု မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။

ကိုပေါက်

The Ladies News
https://www.facebook.com/News.TheLadies
ပြည်ထောင်စုလွှတ်တော်သို့ ဝန်ကြီးဌာန စာရင်းများ နှစ်ရက်အတွင်း တင်ပြမည်၊ လွှတ်တော်တွင် ဆွေးနွေးအကြံပြုနိုင်ဟု ဆို  ပြည်ထောင်စုလွှတ်တော်သို့ ဝန်ကြီးဌာန စာရင်းများ နှစ်ရက်အတွင်း တင်ပြမည်၊ လွှတ်တော်တွင် ဆွေးနွေးအကြံပြုနိုင်ဟု ဆို Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.