ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ


မြင်းမူ မတ် ၁၄

မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ အနီးတွင် မတ် ၁၄ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာအနီး မိုင်တိုင်(၅၃/၂-၃)အကြားတွင် မုံရွာမှ ရန်ကုန်ဘက်သို့ မုံရွာမြို့နေ အောင်ဝင်း(၅၃)နှစ် မောင်းနှင်ပြီး ဒေါ်မြခင်(၇၈)နှစ်လိုက်ပါလာသော YGN/----CROWN အဖြူရောင်ယာဉ်နှင့် မန္တလေးမှ မုံရွာဘက်သို့ အောင်မြေ သာဇံမြို့နယ်နေ သိန်းလွင် (၄၇)နှစ် မောင်းနှင်ပြီး မမြင့်မြင့်ဌေး(၅၁)နှစ်၊ ကိုကိုလွင် (၁၄)နှစ် တို့လိုက်ပါ လာသော MDY/--- အဖြူ ရောင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ဒေါ်မြခင်၊ သိန်းလွင်နှင့် ကိုကိုလွင်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြပြီး မမြင့်မြင့်ဌေးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဝင်းနှင့် သိန်းလွင်တို့အား မြင်းမူမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ  ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.