ဒေါ်အောင်ဆန်းစုကြည်ပုံ ပြုပြင်ပြီးဖေ့ဘွတ်စ်တင်သူ ထောင် ၆ လကျ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မဖွယ်မရာပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ ကန်ကြီးထောင့် မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းထွန်းကို ဒီကနေ့ ကန်ကြီးထောင့်မြို့နယ်တရားရုံး က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

 ဦးသန်းထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ပေါ်လွင်တယ်ဆိုပြီး မြို့နယ်တရားသူကြီး က အမိန့်ချလိုက်တာလို့ တရားလိုဖြစ်သူ NLD ပါတီဝင် ဦးစည်သူမောင်က ပြောပါတယ်။

 သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မဖွယ်မရာ ပြုလုပ်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် ပုဒ်မ ၆၆-ဃ နဲ့ အရေးယူခံထားရသူ ၄ ဦးရှိရာမှာ ၃ ဦးကို ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA
ဒေါ်အောင်ဆန်းစုကြည်ပုံ ပြုပြင်ပြီးဖေ့ဘွတ်စ်တင်သူ ထောင် ၆ လကျ  ဒေါ်အောင်ဆန်းစုကြည်ပုံ ပြုပြင်ပြီးဖေ့ဘွတ်စ်တင်သူ ထောင် ၆ လကျ Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.