အရှိန်မထိန်းနိုင်သောဆိုင်ကယ် မော်တော်ယာဉ်အားတိုက်မိ ဆိုင်ကယ်စီးသူနှင့် နောက်မှလိုက်သူသေဆုံး


ကရင်ပြည်နယ် ဘားအံမြို့ နယ် တကောင်းဘိုး ကျေးရွာအုပ်စု ဝဲပျံချောင်းဝ ကျေးရွာအနီး ကမ မောင်း-ဝါးဘိုးတောလမ်း၊ မိုင် တိုင်အမှတ်(၂၆/၁)နှင့်(၂၆/၂)ကြား တွင် ယခုလ ၉ ရက်က ဆိုင်ကယ် တစ်စီးအရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောတွင် မောင်းနှင်လာသော ကားနှင့် ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှင့် နောက်တွင် လိုက်ပါလာသူတို့ ဒဏ်ရာအပြင်း အထန်ရရှိကာ နေရာတွင်ပင် သေဆုံး သွားခဲ့သည်။

ဘားအံမြို့နယ် ဝါးဘိုးတော-ကမမောင်း-ဖာပွန်လမ်းပေါ်ရှိ တ ကောင်းဘိုးကျေးရွာအုပ်စု ဝဲပျံ ချောင်းဝကျေးရွာအနီး ကမမောင်း -ဝါးဘိုးတောလမ်းပိုင်းတွင် ဝါး ဘိုးတောဘက်မှ အောင်းမင်းဖြိုး (၁၉နှစ်)၊ လှိုင်းဘွဲမြို့နယ် ကော့လုံ ကျေးရွာနေသူက မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် မသန်းသန်း မြင့် (၂ဝနှစ်) ဖာပွန်မြို့နယ် ကွင်း ဒလ ကျေးရွာနေသူ လိုက်ပါ လာသည့် Wave-100 ၂၇ယ/-----ဆိုင်ကယ်မှာ မိုင်တိုင်အမှတ် (၂၆/၁)နှင့်(၂၆/၂)ကြားအရောက် တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ တစ်ဖက်ယာဉ်ကြောမှ လမ်းမှန် အတိုင်း ယာဉ်မောင်း ဦးတင့်လွင်ဦး (၄ဝနှစ်) (ဘ)ဦးမောင်အေး ဖာပွန် မြို့ (၃) ရပ်ကွက်နေသူ မောင်း နှင်လာသည့်2H/---- ကန်တာ အဖြူရောင်ယာဉ်၏ ရှေ့ယာဘက် အခြမ်းအား ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာ သူ မသန်းသန်းမြင့်သည် နေရာ တွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ကယ် မောင်းသူ အောင်မင်းဖြိုးမှာ ဘားအံ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေ ဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင် ကယ်အား မဆင်မခြင်မောင်းနှင်ပြီး လမ်းမှန်မောင်းနှင်လာသော ကား အား ဝင်ရောက်တိုက်မိသဖြင့် ဘားအံမြို့မ ရဲစခန်းက ယာဉ်(ပ) သတင်းချက်အမှတ် ၃၅/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်လွင်(ဘားအံ)
The Union Daily
http://uniondaily.net
အရှိန်မထိန်းနိုင်သောဆိုင်ကယ် မော်တော်ယာဉ်အားတိုက်မိ ဆိုင်ကယ်စီးသူနှင့် နောက်မှလိုက်သူသေဆုံး  အရှိန်မထိန်းနိုင်သောဆိုင်ကယ် မော်တော်ယာဉ်အားတိုက်မိ ဆိုင်ကယ်စီးသူနှင့် နောက်မှလိုက်သူသေဆုံး Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.