သစ်ခိုးထုတ်မှုတွေကို အရေးယူမယ်လို့ အစိုးရ သတိပေး

ခုတ်ယူထားသော သစ်လုံးများပုံ။ Photo: RFA
ပဲခူးရိုးမမှာ တရားမဝင်သစ်ခိုးထုတ်မှုတွေကို ကာကွယ်ဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး တရားမဝင် သစ်ခိုးထုတ်မှုတွေကို သစ်တောဥပဒေနဲ့ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

သစ်တောထွက်ပစ္စည်းတွေဖြစ်တဲ့ မီးသွေး၊ ဝါး၊ ထင်းနဲ့ တိရစ္ဆာန်ပစ္စည်းမျိုးစုံ ရောင်းချမှုတွေ ပဲခူးမြို့နယ်အတွင်းမှာ များပြားလာပြီး သစ်တောရေးရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရပဲ ထုတ်လုပ်ရောင်းချမှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် တရားမဝင် သစ်ခုတ်ယူနေတာတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ သစ်တောဌာနဝန်ထမ်းတွေကို ပြန်လည် တိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ပဲခူးရိုးမအတွင်းက ဇာမဏီကြိုးဝိုင်း၊ ရွှေလောင်းကိုယ်တူကွဲစလူကြိုးဝိုင်း နယ်နမိတ်အတွင်း သစ်၊ ဝါးခုတ်ယူတာနဲ့ ထင်း၊ မီးသွေး ထုတ်ယူတာတွေမလုပ်ဖို့နဲ့ ဝင်ထွက်သွားလာတာ မလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

သစ်ခိုးထုတ်မှုတွေကို အရေးယူမယ်လို့ အစိုးရ သတိပေး  သစ်ခိုးထုတ်မှုတွေကို အရေးယူမယ်လို့ အစိုးရ သတိပေး Reviewed by THITHTOOLWIN on 08:34 Rating: 5
Powered by Blogger.