မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်အား အဆိုပြုတင်သွင်း


မတ် ၂၈ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး(ဆဌမ)နေ့ တွင် လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦးအနက် ၇၃ ဦးတက်ရောက်ခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်အား မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ရွေးချယ်၍ တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုပြုတင်သွင်းခဲ့ကြောင်းသိရသည်။

“သမ္မတဖြစ်လာမယ့်သူက တင်သွင်းတာကို ငြင်းပယ်ပိုင်ခွင့်မရှိဘူး။လွှတ်တော်က အတည်ပြုမယ်။ ပြီးမှ သမ္မတရုံးအမိန့်နဲ့ ၀န်ကြီးချုပ်ဖြစ်ကြောင်းကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ထွက်လာမယ်။အဲဒီကျမှ ကျမ်းသစ္စာကျိန်ဆိုတာတွေ လုပ်ရမှာ။”ဟု ၀န်ကြီးချုပ်အဖြစ်အဆိုပြုခံရသူ အမရပူရမဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဝန်ကြီးချုပ်အဖြစ်အဆိုပြုခံရသူအား လွှတ်တော်ကိုယ်စားလှယ်များမှ ယနေ့ ညနေ ၄ နာရီထိ ခိုင်မာသော အချက်အလက်များဖြင့် ကန့်ကွက်နိုင်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အခြားဝန်ကြီးနေရာများကို ကြေငြာရန်မှာ အချိန်နောက်ကျနိုင်ဖွယ်ရှိပြီး ခန့်မှန်းခြေ ဧပြီလဆန်းပိုင်းတွင် ဖြစ်နိုင်ကြောင်း သိရသည်။

ယနေ့ကျင်းပခဲ့သည့် လွှတ်တော်တွင် ရေးရာကော်မတီ ၁၂-ခုမှ ကျန်ရှိနေသော ကော်မတီ ၅-ခုကိုဖွဲ့စည်းခဲ့ရာ လုံခြုံရေး၊ စီမံခန့်ခွဲရေနှင့် စည်ပင်သာယာရေးကော်မတီ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီ၊ သာ သနာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုကော်မတီ၊စက်မှုစွမ်းအင်နှင့် လျပ်စစ်ရေးရာကော်မတီ၊ ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ တို့ ဖွဲ့စည်းပြီး စည်းမျဉ်းစည်းကမ်းများ တင်ပြရှင်းလင်းခဲ့သည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်အား အဆိုပြုတင်သွင်း  မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်အား အဆိုပြုတင်သွင်း Reviewed by THITHTOOLWIN on 13:28 Rating: 5
Powered by Blogger.