တောင်ကြီးမြို့ သျှမ်းရိုးမ တိုက်တန်းမီးလောင် လူတဦးအရေးပေါ်ကုသရ


မတ် ၁၅ ရက် ၂၀၁၆

တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် ဘက်သွားသည့် အနောက်မြို့ ဘက်လမ်း ကျောင်းကြီးစုရပ် သျှမ်းရိုးမတိုက်တန်း ဆိုင်ခန်းတန်းလျားတွင် မတ် ၁၄ ရက် ည နေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ သည်။

မီးလောင်မှုကြောင့် သျှမ်းရိုးမတိုက်တန်း ဆိုင်ခန်း အခန်းနံပါတ် ၄၃ ရှိ Amazing ဆိုင်ကယ် စတေကာ ပစ္စည်းအရောင်းဆိုင် ဆိုင်ခန်းတခု မီးလောင်သွားပြီး ဆိုင်ရှင်မိသားစုဝင်တစ်ဦး အတွင်းလူနာအဖြစ် စ၀်စံထွန်းဆေးရုံတွင်အရေးပေါ်ကုသနေရကြောင်းကျောင်းကြီးစုဒေသခံများထံမှသိရသည်။

“ကျမတော့ တော်တော်စိတ်ပူတယ်။ ဒီအနီးအနားတွေက ဆီရောင်းနေတဲ့ နေရာ တွေအများကြီးဘဲလေ။ ဆီပုံး တလုံး ပေါက်ကွဲရင်တော့ မတွေးဝံ့စရာဘဲ။ အခုက တော်သေးတယ်။ ဆိုင်ခန်းတခန်းဘဲ ပါသွားတာ” - ဟု ယိင်းယိင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။


မတ် ၁၄ ရက်နေ့ ညနေ ၇း ၃၀ နာရီ ၀န်းကျင်ခန့်က Amazing ဆိုင်ခန်းတွင် နွားနို့အိုးတည်ရာမှ ၀ါယာ ရှော့ဖြစ် ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၈ နာရီ ၀န်းကျင်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံ ဆိုရှယ်မီဒီယာများက ရေးသားသည်။

ထို့အတူ မတ် ၁၂ ရက်နေ့ မွန်းလွဲပိုင်း ကလည်း သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် ၀မ့်အင်လုံ ကျေးရွာ တွင် မီးလောင်မှု တခု ဖြစ်ပွားခဲ့ပါသေးသည်။ အိမ်ခြေ ၅၄ အိမ် ရှိသည့်အနက် ၄၉ အိမ် မီးလောင်ပြာကျသွား သည်။ အင် (၀၊ လွယ်လ မျိုးနွယ်စု) မျိုးနွယ်စု သီးသန့်နေထိုင်သည့် အဆိုပါရွာသည် လူဦးရေ ၂၅၀ ကျော် ရှိသည်။

ဓါတ်ပုံ - တောင်ကြီးမြို့ ဒေသခံ ဖေ့ဘုတ်များမှ ကူးယူဖေါ်ပြသည်။

သျှမ်းသံတော်ဆင့် - ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တောင်ကြီးမြို့ သျှမ်းရိုးမ တိုက်တန်းမီးလောင် လူတဦးအရေးပေါ်ကုသရ  တောင်ကြီးမြို့ သျှမ်းရိုးမ တိုက်တန်းမီးလောင် လူတဦးအရေးပေါ်ကုသရ Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.