ဆော်ဒီအာရေဗျ တပ်ဖွဲ့ဝင် ၁၀၁ ဦးကို ယီမင်တပ်ဖွဲ့ ဖမ်းဆီး


ဆာနား ၊ ၁-၃-၂၀၁၆

ယီမင်နိုင်ငံ အနောက် အလယ်ပိုင်း၌ မာရစ်ဘ်ပြည်နယ် ၌ ယီမင်အစိုးရ တပ်ဖွဲ့ဝင် များက စစ်ဆင်ရေး တစ်ခုအတွင်း ဆော်ဒီအစိုးရ တပ်ဖွဲ့ဝင် ၁ဝ၁ ဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့ပြီး တခြား တပ်ဖွဲ့ဝင် ဒါဇင်ပေါင်း များစွာကို ချေမှုန်း တိုက်ခိုက် နိုင်ခဲ့ကြောင်း တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

Popular Committees က ထောက်ခံ ထားသော ယီမင်တပ်ဖွဲ့ဝင် များသည် ဖေဖော်ဝါရီ ၂၈ ရက်အတွင်း မာရစ်ဘ်မြို့သို့ ရောက်ရှိလာပြီး ဆော်ဒီအစိုးရ တပ်ဖွဲ့ဝင် ၃ဝ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်ကလည်း အဆိုပါ နေရာ၌ ဆော်ဒီ တပ်ဖွဲ့ဝင် ၇၁ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း အာရေဗျဘာသာ စကားဖြင့် ထုတ်ပြန် ထားသော အယ်လ်မာစီရာ သတင်း ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

PyiChitThar
http://www.pyichitthar.com
ဆော်ဒီအာရေဗျ တပ်ဖွဲ့ဝင် ၁၀၁ ဦးကို ယီမင်တပ်ဖွဲ့ ဖမ်းဆီး  ဆော်ဒီအာရေဗျ တပ်ဖွဲ့ဝင် ၁၀၁ ဦးကို ယီမင်တပ်ဖွဲ့ ဖမ်းဆီး Reviewed by THITHTOOLWIN on 11:50 Rating: 5
Powered by Blogger.