လပွတ္တာ မြို့နယ်၌ ရှားပါးမျိုးစိတ်ဝင် မိကျောင်းတစ်ကောင် အရှင်ဖမ်းဆီးရမိ


လပွတ္တာ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် ဘီတွက်ကျေးရွာအုပ်စု ကျွန်း ချောင်းကျေးရွာအနီး ဒေါ်ကံယုံ ကျွန်းကြား၌ မတ် ၂၆ ရက် နံနက် ၁ဝ နာရီခန့်က မိကျောင်းအမ တစ်ကောင်ကို အရှင်ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

လပွတ္တာမြို့ ဘီတွက်ကျေးရွာ အုပ်စု ကျွန်းချောင်းရွာအနီး၌ ပြာမလော့မြစ်အတွင်း ရေလုပ်သား ဦးထွန်းနိုင် ဦးဆောင်သည့် ၁ဝ ဦးအဖွဲ့က ဒေါ်ကံယုံ ကျွန်းကြား သောင်ပြင်ပေါ်၌ ရေလုပ်သားများ လုပ်ငန်းရပ်နေထိုင်စဉ် ကုန်းပေါ်သို့ မိကျောင်းတစ်ကောင် တက်လာသည် ကိုတွေ့ရာ အသင့်ပါလာသော ငါးဖမ်းပိုက်ဖြင့် ဝိုင်းဝန်းဖမ်းဆီးရာ အလျား ၁ဝ ပေ၊ လုံးပတ် သုံးပေခန့် ရှိ မိကျောင်းအမတစ်ကောင်ကို ဖမ်းမိ၍ စက်လှေနှင့် သယ်ဆောင် ကာ ငါးလုပ်ငန်းဦးစီးဌာနသို့ ပေးအပ်ခဲ့ကြောင်း ရေလုပ်သားများ ထံမှ သိရ သည်။

၎င်းမိကျောင်းအား လပွတ္တာ မြို့မှတစ်ဆင့် ရန်ကုန်မြို့ သာကေတ မြို့နယ်ရှိ မိကျောင်းမွေးမြူရေးစခန်း သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငွေအိုး(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လပွတ္တာ မြို့နယ်၌ ရှားပါးမျိုးစိတ်ဝင် မိကျောင်းတစ်ကောင် အရှင်ဖမ်းဆီးရမိ   လပွတ္တာ မြို့နယ်၌ ရှားပါးမျိုးစိတ်ဝင် မိကျောင်းတစ်ကောင် အရှင်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.