‎တောမီးလောင်ကျွမ်းရာမှ နေအိမ်များ မီးကူးစက်လောင်ကျွမ်း‬


တောင်တွင်းကြီး မတ် (၂၇)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာအုပ်စု၊ အိုးပေါက်(ဘူတာ)ကျေးရွာတွင် ယနေ့ မတ်(၂၇)ရက် နေ့လည်(၁၁)နာရီခွဲအချိန်ခန့်တွင် တောမီးလောင်ကျွမ်းရာမှ စတင်ကာ
အဆိုပါ ကျေးရွာနေ ဦးထွန်းနိုင်နေအိမ်ပေါ်သို့ မီးပွားကျကာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ကနဦး မေးမြန်းချက်များအရ သိရသည်။


မီးလောင်မှုကြောင့် နေအိမ်(၂၀)လုံးခန့် ၊ အခြားအဆောက်အဦး(၁၀)လုံးခန့် ၊ စုစုပေါင်း အဆောက်အဦး(၃၀)လုံးခန့် မီးလောင်ကျွမ်းခဲ့ရပြီး ဒေသခံပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် မွန်းလွဲ(၁၂)နာရီ (၃၀)မိနစ်အချိန်ခန့်တွင် မီးညွန့်ကျိုးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။


အဆိုပါကျေးရွာသည် မီးရထားလမ်းတစ်ခုတည်းသာ သွားလာနေရသော လမ်းပန်းဆက်သွယ်ရေးဖြစ်ပြီး မီးသတ်ယာဉ် ၊ ရေသယ်ယာဉ်များ သွားလာရန် ‪#‎မဖြစ်နိုင်သော‬ အင်မတန် ခက်ခဲသော ကျေးရွာတစ်ရွာဖြစ်ကာ ‪#‎အိုးပေါက်သစ်တောကြိုးဝိုင်း‬ အနီးဆုံးရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi


‎တောမီးလောင်ကျွမ်းရာမှ နေအိမ်များ မီးကူးစက်လောင်ကျွမ်း‬ ‎တောမီးလောင်ကျွမ်းရာမှ နေအိမ်များ မီးကူးစက်လောင်ကျွမ်း‬ Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.