အာဖဂန်နစ္စတန်နိုင်ငံရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအား တိုက်ခိုက်သူလေးဦးကို လုံခြုံရေးတပ်ဖွဲ့က သုတ်သင်


ဂျလာလာဘတ် မတ် ၂

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျလာလာဘတ်မြို့ ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးကို ပစ်မှတ်ထား အသေခံ ဗုံးခွဲတိုက်ခိုက်သူ လေးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချေမှုန်းသုတ်သင်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက မတ် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဂျလာလာဘတ်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအနီးသို့ တိုက်ခိုက်ရေးသမားများအနက် တိုက်ခိုက်ရေးသမားတစ်ဦး ကကားတစ်စီးဖြင့် မောင်းနှင်လာကာ ဗုံးခွဲတိုက်ခိုက်ရာ ကောင်စစ်ဝန်ရုံးအဆောက်အအုံ၏ တံခါးမကြီးများနှင့် ပြတင်းတံခါးများပျက်စီးခဲ့ရပြီး မော်တော်ယာဉ်ရှစ်စီးထက် မနည်း ပျက်စီးခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲသံများနှင့် သေနတ်သံများ ပေါ်ထွက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံ ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းခဲ့ပြီး စစ်သည်တင် သံချပ်ကာကားများကို တွေ့မြင်ရကြောင်း၊ အရပ်သားများ ထွက်ပြေးခဲ့ကြရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။

အိန္ဒိယကောင်စစ်ဝန်ရုံး၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်နိုင်ရန် အကြမ်းဖက်သမားလေးဦးက ကြိုးပမ်းခဲ့ကြပြီး ၄င်းတို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရဲအရာရှိတစ်ဦးနှင့် အရပ်သူအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရပြီး ၁၉ဦး ဒဏ်ရာရရှိကြောင်း ၄င်းက ပြော ကြားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အာဖဂန်နစ္စတန်နိုင်ငံရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအား တိုက်ခိုက်သူလေးဦးကို လုံခြုံရေးတပ်ဖွဲ့က သုတ်သင်  အာဖဂန်နစ္စတန်နိုင်ငံရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအား တိုက်ခိုက်သူလေးဦးကို လုံခြုံရေးတပ်ဖွဲ့က သုတ်သင် Reviewed by THITHTOOLWIN on 06:00 Rating: 5
Powered by Blogger.