နျူကလီးယားကို အသုံးပြုဖို့ အသင့်ရှိလို့ဆို


မြောက်ကိုရီးယားနိုင်ငံက ​နျူကလီးယား ​လက်နက်တွေဟာ ​အချိန်မရွေး ​အသုံးပြုနိုင်တဲ့ ​အနေအထား ​ရှိနေတယ်လို့ ​မြောက်ကိုရီးယားခေါင်းဆောင် ​Kim ​Jong-un ​က ​ပြောပါတယ်။

နျူကလီးယား ​တိုက်ခိုက်မှုတွေအတွက် ​ပြင်ဆင်ထားဖို့ ​စစ်အရာရှိတွေကို ​ညွှန်ကြားထားပြီလို့လည်း ​ဆိုပါတယ်။

အမေရိကန်နိုင်ငံက ​မြောက်ကိုရီးယား ​နိုင်ငံရဲ့ ​အဓွန့်ရှည်ရေးကို ​ခြိမ်းခြောက်လာတဲ့အတွက် ​မြောက်ကိုရီးယားကတော့ ​နျူကလီးယား ​လက်နက်ကို ​အသုံးပြုပြီး ​ကာကွယ်သွားမယ်လို့ ​ပြောပါတယ်။

ကုလသမဂ္ဂက ​တားမြစ်တဲ့ ​ကြားကပဲ ​နျူကလီးယား ​စမ်းသပ်မှု ​လုပ်တဲ့အတွက် ​ကုလသမဂ္ဂက ​မြောက်ကိုရီးယား ​အပေါ် ​အပြင်းထန်ဆုံး ​ဒဏ်ခတ်ပိတ်ဆို့မှု ​ချမှတ်ပြီးတဲ့နောက် ​မြောက်ကိုးရီးယားဘက်က ​အခုလို ​တုန့်ပြန်လိုက်တာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အနီးပစ် ​ဒုံးကျည် ​၆ ​ခု ​ကိုလည်း ​ပစ်လွှတ်ပြီး ​ဆန့်ကျင်မှု ​ပြသခဲ့ပါတယ်။

ကျွမ်းကျင် ​ပညာရှင်တွေရဲ့ ​အဆိုအရ ​မြောက်ကိုရီးယားမှာ ​atomic ​နျူကလီးယား ​ဗုံးရှိနိုင်ပေမယ့် ​အသုံးပြုနိုင်တဲ့ ​အဆင့် ​ရောက်ရှိဦးမှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နျူကလီးယားကို အသုံးပြုဖို့ အသင့်ရှိလို့ဆို နျူကလီးယားကို အသုံးပြုဖို့ အသင့်ရှိလို့ဆို Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.