ကသာတွင် လူသတ်ဓါးပြမှုတခု ဖြစ်ပွား


ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စုတွင် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတဦး အသတ်ခံခဲ့ရသည့် လူသတ်ဓါးပြမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ နွယ်နီကျေးရွာ၊ သစ်ကွက်အမှတ် ၁၃ တွင်နေထိုင်သော ဒေါ်ပွေး နေအိမ်၌ ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ မတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းက တွေ့ရှိခဲ့သည်။


ဒေါ်ပွေးသည် ငွေကြေး အတန်အသင့် ကြွယ်ဝသူဖြစ်ပြီး ခင်ပွန်းသည် ခရီးသွားနေချိန်ဖြစ်ကြောင်း၊ အသတ်ခံရချိန်၌ ဒေါ်ပွေး၏နေအိမ်မှ ဂိုဒေါင်စောင့်မှာ အရက်မူးပြီး အိပ်ပျော်နေကြောင်း၊ အိပ်ပျော်နေချိန်၌ ဓါးဖြင့်ထိုးသတ်ခံရခြင်းဖြစ်နိုင်ပြီး ရုန်းကန်ခဲ့သည့် လက္ခဏာများ တွေ့ရှိရကြောင်း ကနဦးသတင်းများအရ သိရသည်။

“ကျွန်တော်တို့ဒေသမှာ ခြံတံခါးတွေမရှိသလို၊ အိမ်တံခါးတွေလည်း မလုံခြုံပေမယ့် ရပ်ရွာမှာနေကြတာ ဘာမှမဖြစ်ခဲ့ဘူး။ အေးချမ်းသာယာတယ်။ ဒီလိုလူသတ်ပစ္စည်းလုမှုဆိုတာ အခုမှပဲကြားဖူးတော့ ကြောက်လာပြီ။ မလုံခြုံတော့ဘူးလို့ခံစားမိတယ်”ဟု ဒေသခံ နွယ်နီကျေးရွာသားတဦးက ပြောသည်။

အေးလွင်(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ကသာတွင် လူသတ်ဓါးပြမှုတခု ဖြစ်ပွား  ကသာတွင် လူသတ်ဓါးပြမှုတခု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.