ဘုရင့်နောင်ဈေးမီး ဆိုင်ခန်း ၃၄ ခန်းကူးစက်


မရမ်းကုန်းမြို့နယ်က ဘုရင့်နောင်ဈေးကြီးမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ခဲ့ပြီးဈေးအတွင်းက ဆိုင်းခန်းပေါင်း ၃၄ ခန်းမီးကူးစက်လောင်ကျွမ်းခံလိုက်ရပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၆၅ သိန်းကျော်တယ်လို့ မီးသတ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဆိုင်ခန်းပိုင်ရှင်ကိုတော့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်တဲ့ ဘုရင့်နောင်ဈေးကြီး ရုံကြီးအမှတ် ၁၄၊ (ခ) မှာ ဆိုင်ခန်းပေါင်း ၆၀ ကျော်ရှိပါတယ်။မီးလောင်မှုကို အဆင့်(၃) သတ်မှတ်ထားပြီးမီးသတ်ယာဉ် ၃၇ စီး၊ ရေသယ် ယာဉ် ၉ စီး၊ အထပ်မြင့်မီးသတ်ယာသ် ၂စီး၊ အုပ်ချုပ်ရေးယာဉ် ၇စီးနဲ့မိတ်ဖက်ရေယာဉ် ၁စီးလာ ရောက်ငြှိမ်းသတ်ခဲ့ပါတယ်။

For Info News
https://www.facebook.com/forinfo/
ဘုရင့်နောင်ဈေးမီး ဆိုင်ခန်း ၃၄ ခန်းကူးစက်  ဘုရင့်နောင်ဈေးမီး ဆိုင်ခန်း ၃၄ ခန်းကူးစက် Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.