အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ မိုင်၁ဖာလုံအနီး ဘုရားဖူးယာဉ်တိမ်းမှောက် ယာဉ်မောင်းအပါအ၀င် လူ ၉ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ


မိတ္ထီလာ မတ်လ ၆

မန္တလေးတိုင်းဒေသကြီး ၊နွားထိုးကြီးမြို့ နယ် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ မိုင် ၁ ဖာလုံအနီးတွင် မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က ဘုရာဖူးယာဉ်တစ်စီးတိမ်းမှောက်ပြီး ယာဉ်ပေါ်စီးနင်းလာသည့် လူ ၉ ဦး သေဆုံးကာ ၁၆ ဦးဒဏ်ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ုကုန်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ဆွေ ၊ အင်းစိန် ရွာမတွင် နေထိုင်သူမောင်းနှင်လာသည့် ကန်တာအဖြူရောင် ယာဉ်အမှတ် 5G / 5254 သည် အမြန်လမ်း မိုင်တိုင် ၃၂၃ မိုင် ၁ ဖာလုံအနီးတွင် တိမ်းမှောက် မှုဖြစ်ပွား ပြီး ၂၆ ဦး ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာရာ ယာဉ်မောင်းအပါအ၀င် လူ ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

“ကျွန်တော်တို့ဆီကို ယာဉ်တိမ်းမှောက်တဲ့သတင်းက နံနက် ၆ နာရီ၂၀မိနစ် ခန့်မှာ ဖုန်းဝင်လာတယ်။ ဖုန်းဝင်လာချင်း ကျွန်တော် ဆီက ကြက်ခြေနီ တပ်ဖွဲ့ဝင် ၄ ဦး ပါ အရေးပေါ်လူနာတင်ယာဉ်နဲ့  ရောက်သွားချိန်မှာ တိမ်းမှောက်တဲ့ ယာဉ်ပေါ်က ခရီးသည် တွေကို ဆွဲထုတ်နေတုန်းရှိပါတယ်။ လမ်းသွားလမ်းလာ မော်တော် ယာဉ်တွေက လည်း ၀ိုင်းဝန်းကူညီကြတယ်။ သေဆုံးသွားတဲ့ သူ ၉ ဦးက မန္တလေးဆေးရုံကြီးပို့ဆောင်စဉ် သုံးဦးက လမ်းမှာဆုံးသွားတယ်၊ ၆ ဦးက ဆေးရုံရောက်မှ ဆုံးသွားတာပါ။သေဆုံး
သူ ၉ ဦးမှာ ၆ ဦးက အမျိုးသမီးဖြစ်ပြီး ၃ ဦးက အမျိုးသား ဖြစ်ပါတယ်။ယာဉ်ပေါ်လာသူ ၂၆ ဦးထဲမှာ လုံးဝ ဒဏ်ရာမရှိတဲ့သူ က မခိုင်ချိုချိုဝင်း ၂၃ နှစ် မြောင်းမြမြို့  နေထိုင်သူ ဖြစ်ပါတယ်” ဟု မိတ္ထီလာ၂၈၅ မိုင် သီးကုန်း အမြန်လမ်းအရေးပေါ်ရှေးဦးပြုစုခြင်း စခန်းမှ ခရိုင်ဦးစီးမှူး (ဒု) ဦးနေဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ စကားအင်း အမြန်လမ်းရဲစခန်း၊ပြင်စည် အမြန်လမ်းရဲစခန်း၊ပြင်စည်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုရေးအ သင်းအဖွဲ့များနှင့်တာဝန်ရှိသူများ အချိန်မီရောက်ရှိ ၀ိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ မိုင်၁ဖာလုံအနီး ဘုရားဖူးယာဉ်တိမ်းမှောက် ယာဉ်မောင်းအပါအ၀င် လူ ၉ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ  အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ မိုင်၁ဖာလုံအနီး ဘုရားဖူးယာဉ်တိမ်းမှောက် ယာဉ်မောင်းအပါအ၀င် လူ ၉ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.