သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကော်မရှင်အား တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ တရားလွှတ်တော်ချုပ်ထံ စာပို့ ကန့်ကွက်


မတ်-၂၀

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင်သည် ပြည်ထောင်စု အဆင့်နှင့် လျော်ညီခြင်းမရှိဟုဆိုကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တပ်မတော်အစုအဖွဲ့က တိုင်ကြားကန့်ကွက်စာ ပေးပို့ထားကြောင်း ကော်မရှင် အဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြော သည်။

“စာပို့တာတော့ဟုတ်တယ်၊ အမှန်က ပြည်ထောင်စုလွှတ်တော် နာယကထံ အရင်ပို့ရမှာ၊ သူတို့က ဟိုကိုတိုက် ရိုက်ပို့လိုက်တာ” ဟု ၄င်းကဖြည့်စွက်ပြောသည်။

ယခင် ပထမအကြိမ်လွှတ်တော်တွင် ပြည်သူ့လွှတ်တော်၌သာ ယင်းကော်မရှင်ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒုတိယအကြိမ်လွှတ်တော်မှသာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား အစုအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင်သည် ပြည်ထောင်စု အဆင့်နှင့် လျော်ညီခြင်းရှိ မရှိ မေးခွန်းမေးရန် တင်ပြခဲ့သော်လည်း ဥပဒေနှင့် မကိုက်ညီ၍ ပြည်ထောင်စုလွှတ်တော် နာယကမှ ပယ်ချခဲ့ကြောင်း သိရသည်။

ဥပဒေနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်တွင် အဖွဲ့ဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်က သူရဦးရွှေမန်းနှင့်အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဇော်မြင့်ဖေ၊ ဦးစောလှထွန်း၊ ဦးကြည်သာ စသူတို့ ပါဝင်သည်။

ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကော်မရှင်အား တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ တရားလွှတ်တော်ချုပ်ထံ စာပို့ ကန့်ကွက်  သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကော်မရှင်အား တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ တရားလွှတ်တော်ချုပ်ထံ စာပို့ ကန့်ကွက် Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.