ဟူနန်ပြည်နယ်အမြန်လမ်းမ၌ ထရပ်ကားပေါက်ကွဲမှုဖြစ် ငါးဦးသေဆုံး၊ ၂၀ ဒဏ်ရာရ


ပေကျင်း မတ် ၂ဝ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အမြန်လမ်းမကြီးပေါ်၌ ထရပ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူငါးဦးသေဆုံးပြီး လူ ၂ဝ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 စနေနေ့ညက မီးလောင်လွယ်သော ကုန်ပစ္စည်းများ တင်ဆောင်လာသော အကြီးစားထရပ်ကား တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း၊ ပေါက်ကွဲမှုကြောင့် အခြားကား ၁၁ စီးပါ ရောနှောထိခိုက်သွားခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

လမ်းမကြီးပေါ်တွင် အပျက်အစီးများကို တွေ့ရပြီး မီးလောင်ကျွမ်းနေ သော ယာဉ်အပိုင်းအစများကို ဗီဒီယိုပြကွက်များတွင် တွေ့ရသည်။

 ပေါက်ကွဲရာ နေရာ၌ ၆ဝ စင်တီမီတာခန့်ရှိ အပေါက်ကြီးတစ်ခုဖြစ်သွားကြောင်း ဒေသ မီဒီယာများက ဖော်ပြသည်။ ဖြစ်ပွားရခြင်းအကြောင်းရင်းကိုမူ သက်ဆိုင်ရာ က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဟူနန်ပြည်နယ်အမြန်လမ်းမ၌ ထရပ်ကားပေါက်ကွဲမှုဖြစ် ငါးဦးသေဆုံး၊ ၂၀ ဒဏ်ရာရ  ဟူနန်ပြည်နယ်အမြန်လမ်းမ၌ ထရပ်ကားပေါက်ကွဲမှုဖြစ် ငါးဦးသေဆုံး၊ ၂၀ ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.