ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လယ်မြေဈေးများထိုးတက်


ရန်ကုန်မြို့ အနောက်ဘက် ပန်း လှိုင်မြစ်နှင့်တွံတေးတူးမြောင်းကြား လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြားမြေဧကသုံးသောင်း ခန့်တွင် အကောင်အထည်ဖော် တည်ဆောက်မည့်ရန်ကုန်မြို့သစ်စီမံကိန်း ကြောင့် မြေဈေးများထိုးတက်သွားသည်။ ယခင်က လယ်တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ ဝန်းကျင်သာ ဈေးရှိသော လယ်ကွက်များမှာ စီမံကိန်းပြုလုပ်မည်ဆိုသောကြောင့် ကျပ်သိန်း ၅ဝဝ အထိ ဈေးပေါက် လျက်ရှိသော်လည်း ရောင်းချမည့် သူမရှိကြောင်း ဒေသခံများက ပြောသည်။

''စီမံကိန်းပထမတစ်ခေါက် ပျက်သွားတုန်းက ဈေးတွေပြန်ကျ သွားတယ်။ အခုစီမံကိန်းဖြစ်တယ် ဆိုတော့ ဈေးတွေပြန်တက်လာတယ်။ တစ်ဧကကို ကျပ်သိန်း ၁၅ဝ ကနေသိန်း၅ဝဝအထိပေါက်တယ်။ ဒါပေမဲ့ရောင်းမယ့် သူမရှိဘူး။ ဈေး ထပ်ပြီးတော့တက်မှာကို ဒေသခံ တွေကသိနေတယ်'' ဟု ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးခင် မောင်ခန့်က ပြောသည်။

 စီမံကိန်း တွင်တံတားကြီးငါးစင်းနှင့်တံတား ငယ်သုံးစင်းပါဝင်မည်ဖြစ်ပြီးတံတား များပြီးစီးပါက လယ်မြေဈေးများမှာ သုံးဆခန့် မြင့်တက်လာနိုင်၍ မရောင်းချကြရန် အဖွဲ့ကပညာပေး များလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

 ရန်ကုန်မြို့သစ်စီမံကိန်း ကို ကုမ္ပဏီသုံးခုက လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားပြီး ယခုလတွင်း အကောင်အထည်ဖော်မည် ဖြစ်သည်။

ရကောက်
The Union Daily
http://uniondaily.net/
ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လယ်မြေဈေးများထိုးတက်  ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လယ်မြေဈေးများထိုးတက် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.