အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်သည့် ဓလေ့ကို ရပ်ဆိုင်းပေးရန် အမျိုးသားများတောင်းဆို


မွမ်ဘိုင်း

အိန္ဒိယနိုင်ငံရှိ ဒါဝူဒီ ဘိုရာမျိုးနွယ်စုတွင် ကျင့်သုံးနေသည့် အမျိုးသမီးများအား လိင်အင်္ဂါဖြတ်တောက်သည့် ဓလေ့ကို ရပ်ဆိုင်းနိုင်ရေးအတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့ရှိ အမျိုးသားများက လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဒါဝူဒီ ဘိုရာမျိုးနွယ်စုသည် ရှီယိုက်မွတ်ဆလင်များဖြစ်ကြပြီး ၄င်းတို့သည် လိင်အင်္ဂါဖြတ်တောက်မှုကို လျှို့ဝှက်ပြုလုပ်တတ်ကြသည်။ အသက် ခုနှစ်နှစ်အရွယ်တွင် လိင်အင်္ဂါဖြတ်တောက်ခံခဲ့ရသည့် မာဆိုးမာ ရာနာဗီက ယင်းဓလေ့ကို အဆုံးသတ်ရန် တောင်းဆိုခဲ့ရာ ၄င်းကို အမျိုးသားများစွာတို့က ထောက်ခံခဲ့သည်။ ရာနာဗီ၏တောင်းဆိုစာအား အမျိုးသားထောင်ပေါင်းများစွာတို့က ထောက်ခံကြောင်းလက်မှတ်ရေးထိုးခဲ့သည်။ယင်းဓလေ့အဆုံးသတ်ရေးလှုပ်ရှားနေသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း အမျိုးသားများစွာတို့က ဓလေ့ကိုဆန့်ကျင်ကြောင်းထုတ်ဖော်သည့် စာများကို ရေးသားခဲ့သည်။


ဘိုရာများကြားတွင်ခါတနာဟုသိကြသည့်FMGဓလေ့အဆုံးသတ်သွားရေး ကြိုးပမ်းနေသည့်ဆာဟီယိုလူမှုမီဒီယာလှုပ်ရှားမှုအဖွဲ့တွင်အမျိုးသားများ လည်း ပါဝင်လာနေပြီဖြစ်သည်။ ဘိုရာမျိုးနွယ်စုတွင် အမျိုးသားများသာ ကြီးစိုးနေခဲ့ရာ ယခုလှုပ်ရှားမှုတွင် အမျိုးသားများပါဝင်လာမှုကြောင့် လှုပ်ရှားမှုပိုမိုထိရောက်မှုရှိခဲ့ကြောင်းရာနာဗီက ပြောဆိုခဲ့သည်။ရာနာဗီ သည်ဘိုရာမျိုးနွယ်ဂိုဏ်းအုပ်ဘုန်းကြီးနှင့်အိန္ဒိယအစိုးရထံသို့ တောင်းဆိုစာတင်မည်ဖြစ်သည်။

FMG ဓလေ့ကြောင့် အမျိုးသမီးများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဒဏ်ရာများ ရရှိထားသည်။ယင်းဓလေ့ကိုအာဖရိကနိုင်ငံများတွင်အဓိကထားကျင့်သုံးနေသည်။

Source:Reuters
Messenger News Journal
https://www.facebook.com/Messenger-News-Journal
အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်သည့် ဓလေ့ကို ရပ်ဆိုင်းပေးရန် အမျိုးသားများတောင်းဆို   အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်သည့် ဓလေ့ကို ရပ်ဆိုင်းပေးရန် အမျိုးသားများတောင်းဆို Reviewed by THITHTOOLWIN on 03:31 Rating: 5
Powered by Blogger.