မီချီဂန်သေနတ်ပစ်ခတ်မှုတွင်သံသယရှိသူ Uber ကုမ္ပဏီမှ ယာဉ်မောင်းအားဖမ်းဆီး


မီချီဂန် ဖေဖော်ဝါရီ ၂၂

ကယ်လ်မာဇူစီရင်စု၌ လူခြောက်ဦးအား စနေနေ့က သေနတ်ဖြင့် အသေပစ်သတ်ခဲ့မှုတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ မီချီဂန်မှ အမျိုးသား တစ်ဦးအား တနင်္ဂနွေနေ့က ဖမ်းဆီးထားကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် Uber ကားပစ္စည်းဝန်ဆောင်မှု ကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားသည့်ညက လာရောက် အားပေးသူများအား မောင်းထုတ်ခဲ့သည်ဟု ရဲဌာန၏စုံစမ်းစစ်ဆေး မှုများက ဖော်ပြသည်။

တရားစွဲဆိုသူများက ဂျက်ဆန်ဒယ်လ်တန် (၄၅ နှစ်) သည် ဒက်ထရွိုက် အနောက်ပိုင်းမှ မိုင်ပေါင်း ၁၅ဝ (၂၄ဝ ကီလိုမီတာ) အကွာ၊ ကယ်လ်မာဇူရှိ ခရက်ကာဘာရယ်စားသောက်ဆိုင်၊ ကား အရောင်းဆိုင်နှင့် တိုက်ခန်းအပြင်ဘက် ကားပါကင်တွင် ကြိုတင်ကြံစည် ထားခြင်းမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သေနတ်ပစ်ခတ်မှုအတွင်း ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦးဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးမှာ အသက်ဆုံးရှုံးရဖွယ်ရှိကြောင်း သိရသည်။ စနေနေ့ညက ငါးနာရီကြာဖြစ်ပွားသည့် အဆိုပါပစ်ခတ်မှု အတွင်း အယ်လ်တန်သည် Uber ကုမ္ပဏီအတွက် လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်ကို အာဏာပိုင်များက အတည်ပြုပြောဆိုခြင်းမရှိသေးပေ။

လူဦးရေ ၇၅ဝဝဝ နေထိုင်သည့် ကယ်လ်မာဇူဒေသသည် သေနတ် ကိုင်ဆောင်မှုများကို တင်းကျပ်နေချိန်တွင် ယင်းကဲ့သို့သော အစုလိုက် အပြုံလိုက် သေနတ်ပစ်ခတ်မှု နောက်ဆုံးဖြစ်ပွားခဲ့သည့်နေရာဖြစ် သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မီချီဂန်သေနတ်ပစ်ခတ်မှုတွင်သံသယရှိသူ Uber ကုမ္ပဏီမှ ယာဉ်မောင်းအားဖမ်းဆီး  မီချီဂန်သေနတ်ပစ်ခတ်မှုတွင်သံသယရှိသူ Uber ကုမ္ပဏီမှ ယာဉ်မောင်းအားဖမ်းဆီး Reviewed by THITHTOOLWIN on 08:50 Rating: 5
Powered by Blogger.