“UAE တွင် ပြည်သူ့ပျော်ရွှင်မှုဆိုင်ရာ ၀န်ကြီး တရားဝင် ခန့်အပ်”


၅ နှစ်အတွင်း UAE နိုင်ငံကို ကမ္ဘာ့အကောင်းဆုံးနိုင်ငံစာရင်းဝင် ဖြစ်လာစေရမည်ဟု ကြုံးဝါးထားသော ၀န်ကြီးချုပ် ရှိုတ်ခ်မိုဟာမက်ဘင်ရာရှစ်က အများပြည်သူ၏ လူမှုဘ၀များ ပျော်ရွှင်စိတ်ချမ်းမြေ့မှုရှိစေရေးအတွက် အမျိုးသမီးတဦးအား ပြည်သူ့ပျော်ရွှင်မှုဆိုင်ရာဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်လိုက်သည်။

 ဗြိတိန်တွင် ပညာသင်ကြားခဲ့သူ စီးပွားရေးသမားလည်းဖြစ် ၁၉၈၅ ခုနှစ်တွင် Emirates လေကြောင်းလိုင်းကို တည်ထောင်သူလည်းဖြစ်သည့် ရှိုတ်ခ်မိုဟာမက်ဘင်ရာရှစ်က ၂၀၀၆ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၆ ရှိ UAE နိုင်ငံ၏၀န်ကြီးချုပ်ဖြစ်လာပြီး ၎င်း၏အစိုးရအဖွဲ့တွင် အမျိုးသမီး ငါးဦးပါဝင်သည်။

 ၎င်းတို့အနက်မှ ၀န်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ohood Al Roumi ဆိုသူ အမျိုးသမီးကို အထက်ပါဝန်ကြီးနေရာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 သူမ၏တာဝန်မှာ အစိုးရမူဝါဒများသည် အများပြည်သူ၏လူမှုဘ၀ ပျော်ရွှင်စိတ်ချမ်းမြေ့မှုနှင့်အညီ ဖြစ်စေရေး ထိန်းကျောင်းပေးရမည်ဟု ဆိုသည်။

Ref;TIME
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
“UAE တွင် ပြည်သူ့ပျော်ရွှင်မှုဆိုင်ရာ ၀န်ကြီး တရားဝင် ခန့်အပ်”  “UAE တွင် ပြည်သူ့ပျော်ရွှင်မှုဆိုင်ရာ ၀န်ကြီး တရားဝင် ခန့်အပ်” Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.