Trump နဲ့ Cruz ကြား တင်းမာမှု ကြီးလာ

Donald Trump (ဝဲ) နဲ့Ted Cruz ကို တွေ့ရစဉ် (Credit: Reuters) 
ရီပါပလေကန် ​သမ္မတလောင်းအဖြစ် ​ဝင်ရောက်အရွေးခံဖို့ ​ယှဉ်ပြိုင်နေကြတဲ့ ​Ted ​Cruz ​နဲ့ ​Donald ​Trump ​တို့အကြား ​တင်းမာမှုတွေ ​ကြီးထွားလာနေပါတယ်။

Iowa ​ပြည်နယ်မှာ ​ပထမဆုံးပြုလုပ်တဲ့ ​သမ္မတလောင်း ​caucus ​ရွေးချယ်ပွဲမှာ ​Ted ​Cruz ​က ​မဲတွေကို ​ခိုးတယ်ဆိုပြီး ​Donald ​Trump ​က ​စွပ်စွဲလိုက်ပါတယ်။

Donald ​Trump ​က ​Iowa ​မှာ ​Ted ​Cruz ​နိုင်တာမဟုတ်ပဲ ​တရားမဝင်နည်းနဲ့ ​ခိုးလို့ ​အနိုင်ရတာလို့ ​ပြောပါတယ်။

ပုံမှန်အားဖြင့်တော့ ​လူဝေဖန်စရာ ​စကားတွေ ​ပြောလေ့ရှိတဲ့ ​Donald ​Trump ​ရဲ့ ​ထိုးနှက်မှုကို ​Ted ​Cruz ​က ​အဖက်လုပ်ပြီး ​တုန့်ပြန်တာတွေ ​လုပ်လေ့မရှိပေမယ့် ​ဒီတခါမှာတော့ ​တုန့်ပြန်မှု ​လုပ်လိုက်ပါတယ်။

Ted ​Cruz ​က ​Donald ​Trump ​ဟာ ​စိတ်မနိုင်တော့တဲ့ ​လူတစ်ယောက်ဖြစ်တဲ့အကြောင်း ​စကားကို ​လျှောက်ပြောနေတဲ့ ​လူကို ​နျူကလီးယား ​လျို့ဝှက်နံပါတ်တွေ၊ ​အချုပ်အခြာ ​အားလုံးကို ​မပေးသင့်ဘူးလို့ ​Ted ​Cruz ​က ​တွစ်တာမှာ ​ပြန်လည် ​တုန့်ပြန်လိုက်ပါတယ်။

အမေရိကန် ​သမ္မတဟာ ​အချုပ်အခြာ ​အာဏာ ​အားလုံးကို ​ရရှိထားသူ ​ဖြစ်တဲ့အတွက် ​စစ်ရေးမှာလည်း ​နျူကလီးယား ​လက်နက်ရဲ့ ​လျှို့ဝှက်နံပါတ်တွေကို ​သိရှိသူဖြစ်ပြီး ​သမ္မတ ​အမိန့်အရသာ ​တိုက်ခိုက်စရာရှိရင် ​တိုက်ခိုက်ရမှာ ​ဖြစ်ပါတယ်။

Donald ​Trump ​လို ​လူမျိုးကို ​နျူကလီးယား ​လျို့ဝှက်နံပါတ် ​အသိပေးမိရင်တော့ ​စိတ်မထင်တဲ့ ​တနေ့မှာ ​ဒိန်းမတ်နိုင်ငံကို ​တိုက်ခိုက်ရအောင် ​ဆိုပြီး ​ဆုံးဖြတ်လာနိုင်တယ်လို့ ​Ted ​Cruz ​က ​ထိုးနှက်လိုက်ပါတယ်။

Iowa ​ပြည်နယ် ​ရွေးချယ်ပွဲမှာ ​ရှုံးနိမ့်သွားတဲ့ ​ရီပါပလေကန် ​နှစ်ဦး ​ပြိုင်ဘက်ကနေ ​ထပ်မံ ​နှုတ်ထွက်ကြတဲ့အတွက် ​အခုဆိုရင် ​ရီပါပလေကန် ​ပါတီအတွက် ​ဝင်ရောက်အရွေးခံမယ့် ​သမ္မတလောင်းက ​၉ ​ယောက်သာ ​ကျန်ရှိပါတယ်။

Rick ​Sntorum ​ကတော့ ​ဒုတိယဘိတ်ဆုံး ​ရရှိပြီးတဲ့နောက် ​ဆက်မပြိုင်ဖို့ ​ဆုံးဖြတ်လိုက်သလို ​ပဉ္စမနေရာသာ ​ရရှိ ​Rand ​Paul ​ကလည်း ​ဆက်မပြိုင်ဖို့ ​ဆုံးဖြတ်လိုက်တာ ​ဖြစ်ပါတယ်။

By North America correspondent Michael Vincent, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
Trump နဲ့ Cruz ကြား တင်းမာမှု ကြီးလာ Trump နဲ့ Cruz ကြား တင်းမာမှု ကြီးလာ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.