TNLA နှင့် RCSS/SSA တပ်တို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေ


တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ အထိ
တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLA သတင်းနှင့် ပြန်ကြာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တာဘုန်းကျော် ပြောပြချက်အရ သိရှိရသည်။

RCSS/SSA က တအောင်းဒေသအတွင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ အင်အား ၂၀၀ ကျော် ခန့်ဖြင့် ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၂,၀၀၀ ကျော်ခန့် အခြေချကာ လှုပ်ရှားခြင်းကြောင့် တအာင်းဒေသအတွင်း TNLA နှင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့က ကျွန်တော်တို့ နယ်မြေထဲမှာ နိုဝင်ဘာ လောက်ကတည်းက နယ်မြေကျော်ပြီး ဝင်လာတယ်။ အခွန် ကောက်တာတွေ ရှိတယ်။ နယ်မြေလှုပ်ရှား သွားလာရင်း တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မဖြစ်ဖို့ကို ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံ ထားပါတယ် " ဟု TNLA မှ ဗိုလ်ကြီးတာဘုန်းကျော်က ပြောသည်။

ထို့ပြင် TNLA က တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး အမြစ်ပြတ် ပပျောက်ရေးအတွက် ၂၀၁၆ ခုနှစ်တွင် ဘိန်းခင်းများ ဖျက်ဆီးသည့် လေးနှစ်မြောက်အဖြစ် တပ်မဟာ ၁ နယ်မြေဖြစ်သော နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ လေးအိမ်စုကျေးရွာ ပတ်ဝန်းကျင်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ဧက ၃၀ နှင့် ဖေဖော်ဝါရီ ၁၄ ရက်တို့တွင် ဘိန်ခင်း ၁၅ ဧက ဖျက်ဆီးခဲ့ကာ အဆိုပါ နေ့တွင် မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်ကြီးတာဘုန်းကျော်က ထပ်မံပြောကြားသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ တအောင်းဒေသအတွင်း အခြေချနေထိုင်ခြင်းမရှိပါက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရန်မရှိကြောင်း TNLA က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ကြေညာချက် ထုတ်ပြန်ထားသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
TNLA နှင့် RCSS/SSA တပ်တို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေ TNLA နှင့် RCSS/SSA တပ်တို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.