အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ကားဆုအား “Spotlight” ဇာတ်ကားမှ ရရှိ

“Spotlight” ဇာတ်ကားနှင့် ဇာတ်ဝင်ခန်း တစ်ခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

    Boston Globe သတင်းစာက ဖော်ထုတ်ခဲ့သည့် ကက်သလစ် ဘုရားကျောင်း အတွင်း ကလေးငယ်များ လိင် ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံနေရမှု အကြောင်းကို အခြေခံပြီး ရိုက်ကူးထားသည့် “Spotlight” ဇာတ်ကားသည် ဖေဖော်ဝါရီလ ၂၈ ရက်ညက Dolby ပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ကားဆုကို ဆွတ်ခူး နိုင်ခဲ့သည်။

ဒါရိုက်တာ Tom McCarthy ရိုက်ကူးခဲ့သည့် ယင်းဇာတ်ကားသည် The Big Short၊ Bridge of Spies၊ Brooklyn၊ Mad Max: Fury Road၊ The Martian၊ The Revenant နှင့် Room ဇာတ်ကားများကို ကျော်လွန်ပြီး အကောင်းဆုံး ဇာတ်ကားဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အော်စကာ ဆုပေးပွဲ အခမ်းအနား၌ အကောင်းဆုံး ဇာတ်ညွှန်းဆုကိုလည်း ထပ်မံ ရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားဖြင့် Screen Actors Guild မှ ပေးသည့် အကောင်းဆုံး တည်းဖြတ်ဆု အပါအဝင် အခြားဆု များစွာကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ကားဆုအား “Spotlight” ဇာတ်ကားမှ ရရှိ အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ကားဆုအား “Spotlight” ဇာတ်ကားမှ ရရှိ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.