ရတနာ plat form နှင့်ပတ္တမြား plat formတို့တွင် ပိုက်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် (၄)ရက်မီးပျက်တောက်မည်


မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းရှိ ရတနာ plat form နှင့်ပတ္တမြား plat formတို့တွင် ပိုက်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် (၂၅.၂.၂၀ဆ၆)ရက်နေ့မှ(၂၈.၂.၂၀၁၆)ရက်နေ့အထိ(၄)ရက်ကြာသဘာဝဓာတ်ငွေ့ ပို့လွှတ်မူ့ကို ရပ်ဆိုင်း မည်ဖြစ်ပါသဖြင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မူ့ကျဆင်းနေမည်ဖြစ်ပါသည်။

Totalshutdown ဆောင်ရွက်စဉ်ရန်ကုန်ရိယာ၏လျှပ်စစ္ဓာတ်အားထုတ်လုပ်မူမှာ ၂၀၀မဂ္ဂါဝပ်ခန့် လျော့ကျနေမည်ဖြစ်ပါသည်။

အများပြည်သူများအားအဆင်ပြေစွာဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်(က)စက်မူဇုန်ကြီးများအား အဆိုပါကာလအတွင်း ဝန်အားလျော့ချထားမည်ဖြစ်ပါသည်။

(ခ) မြို့နယ်များ ရပ်ကွက်အတွင်းရှိပုဂ္ဂလိက စက်မူလုပ်ငန်းများမှ လုပ်ငန်းရှင်များအားမေတ္တာရပ်ခံဝန်အားလျော့ချထားမည်ဖြစ်ပါသည် ။
(ဂ) မြို့ပြင်ဒေသများဖြစ်သည့် တောင်ပိုင်းခရိုင်ရှိမြို့နယ်များအားလုံး နှင့် သာကေတ၊ဒေါပုံ၊ ဒဂုံ (မြောက်)၊ ဒဂုံ(တောင်)၊ သင်္ဃန်းကျွန်း၊ဗဟန်း ၊ လမ်းမတော်၊အလုံ ၊ဒဂုံ၊စမ်းချောင်း၊မရမ်းကုန်း၊ကမာရွတ်၊အင်းစိန်၊မင်္ဂလာဒုံ၊ လိုင်သာယာ၊မှော်ဘီ၊ ရွှေပြည်သာ၊လှည်းကူးမြို့နယ်တို့တွင်အချိန်ပိုင်းအလိုက်(၀၅:၀၀)နာရီမှ(၂၂:၀၀)နာရီအတွင်းဝန်အားလျော့ချမူများရှိနေမည်ဖြစ်ပြီး (၂၂:၀၀)နာရီမှ နောက်တနေ့ မနက် (၀၅:၀၀)နာရီအထိ မြို့နယ်များအားလုံးကို ဓာတ်အားဖြန့်ဖြူးပေးထားမည်ဖြစ်ပါသည်။

ဓာတ်အားပြတ်တောက်မူသတင်းများကို စုံစမ်းသိရှိလိုပါက YESC Callcenter ၂၃၀၂၂၈၅ ၊ ၂၃၀၂၂၈၆၊ ၂၃၀၂၂၈၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Photo-YESC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရတနာ plat form နှင့်ပတ္တမြား plat formတို့တွင် ပိုက်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် (၄)ရက်မီးပျက်တောက်မည် ရတနာ plat form နှင့်ပတ္တမြား plat formတို့တွင် ပိုက်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် (၄)ရက်မီးပျက်တောက်မည် Reviewed by THITHTOOLWIN on 17:24 Rating: 5
Powered by Blogger.