စင်ကြိုင် တွင် PJS အဖွဲ့ ၃၀၀ နယ်ခြား စောင့်တပ် ၏ ၀ိုင်းရံ တိုက်ခိုက် ခံနေရ


စင်ကြိုင် ၀တ်မောတွင် BGF တို့၏ ဗုံးဖြင့် တိုက်ခိုက်ခံရသော PJS အဖွဲ့ဝင်များ ယခု အချိန်မှာပဲ အစိုးရ နယ်ခြားစောင့်တပ် စခန်းရှိသည့် စင်ကြိုင် တွင် လူထု အခြေပြု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS လူ ၃၀၀ ခန့်ကို ဘိန်းခြံပိုင်ရှင်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ၁၀၀၀ ကျော်မှ သေနတ်၊ ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲပြီး ၀ိုင်းရံ ထားနေကြောင်း သိရသည်။

ယနေ့ မနက်ပိုင်း စင်ကြိုင်အလွန် ၀တ်မောတွင် ခေတ္တရပ်နားနေသော PJS ကား ၂ စီးကို BGF မှ ဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် PJS (၁၈) ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခုချိန် ဒဏ်ရာရရှိသူများကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး သို့ ပို့ခဲ့ပြီးဖြစ်သည်။

ဝတ်မောသို့ အကူညီပေးရန် တက်လာသော PJS အဖွဲ့ကိုလည်း လမ်းခုလပ်တွင် နယ်ခြားစောင့်တပ်များမှ ဒုတိယ အကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် PJS တစ်ဦး ဗိုက်တွင် သေနတ် မှန်ခဲ့ကြောင်း ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်များ ကချင်သတင်းဌာန KNG သို့ အတည်ပြုပြောခဲ့သည်။

ယခု သတင်း ရေးသားနေချိန်အထိ မြန်မာအစိုးရနှင့် အစိုးရတပ်မှ ကန်ပိုင်တီ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် နှင့် ဘိန်းခြံပိုင်ရှင်များမှ လက်နက်မဲ့ PJS ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များကို ပြင်းပြင်းထန်ထန် တိုက်ခိုက် နေခြင်း အား ဟန့်တား ပေးခြင်းမျိုး မရှိသေးပါ။

Kachinnews
http://burmese.kachinnews.com
စင်ကြိုင် တွင် PJS အဖွဲ့ ၃၀၀ နယ်ခြား စောင့်တပ် ၏ ၀ိုင်းရံ တိုက်ခိုက် ခံနေရ  စင်ကြိုင် တွင် PJS အဖွဲ့ ၃၀၀ နယ်ခြား စောင့်တပ် ၏ ၀ိုင်းရံ တိုက်ခိုက် ခံနေရ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.