အစိုးရက PJS အင်အား ၂၃၀၀ ကျော်ကို ဆက်လက် တားမြစ်နေ


အစိုးရမှ ကန်ပိုင်တီ ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ PJS ကို တားမြစ်မှု မရှိကြောင်း ပြောခဲ့သော်လည်း လူထု အင်အား ၂၃၀၀ ကျော်မှာ ၀ါးရှောင်ဂိတ်တွင် ယခုထိ ၂ ရက်သာ ဆက်လက် ပိတ်စို့ ခံနေရဆဲဖြစ်ပါသည်။

ကန်ပိုင်တီ သွားရာလမ်းမပေါ် ၀ါးရှောင်ဂိတ်တွင် အစိုးရမှ ဖြတ်ကျော်ခွင့် လုံးဝ မပြုသောကြောင့် PJS အဖွဲ့များမှာ ခက်ခက်ခဲခဲဖြင့် ကိုယ်ပိုင် တဲစခန်းများ ချလျှက် သောင်တင်နေကြသည်။

ယမန်နေ့က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် “အစိုးရဋ္ဌာနဆိုင်ရာများနှင့် ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းပြီး ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို တားဆီးပိတ်ပင်မှု မရှိကြောင်း” အစိုးရတပ်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပြောခဲ့ပါသည်။

‘တစ်ဘက်က ဘိန်းခင်းဖျက်မယ့်အဖွဲ့၊ တစ်ဘက်က စိုက်တဲ့အဖွဲ့ ဒီကြားထဲမှာ ပဋိပက္ခအသွင်ကို မဖြစ်စေလိုတဲ့အတွက်ကြောင့် ကျနော်တို့ တပ်မတော်၊ ပြီးတော့မှ ဒီဘက်က နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲ ရဲတပ်ဖွဲ့၊ နောက်ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာပေါင်းစုံ နဲ့ ပေါင်းစပ်ပြီးတော့မှ ဝိုင်းပြီးထိန်းသိမ်းပေးတဲ့ အနေအထားမျိုးပဲရှိပါတယ်’ ဆိုပြီး မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် ဗိုလ်မှူး ဝင်းမျိုးအောင် က RFA ကို ပြောခဲ့ပါသည်။

အစိုးရ လက်အောက်ခံ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာဒေသများတွင် ယခင် န၀တ၊ နအဖ နှင့် ယခု သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ထိတိုင် ဘိန်းကို လွတ်လွတ် လပ်လပ် စိုက်ပျိုးခွင့် ပေးထားပါသည်။

နှစ်စဉ် နှစ်တိုင်း အစိုးရ စစ်ကြောင်းနှင့် ရဲများက ကန်ပိုင်တီဒေသသို့ ‘မူးယစ် တိုက်ဖျက်ရေး အစီစဉ်’ ဖြင့် သွားရောက်ပြီး ပိုက်ဆံကိုသာ သွားရောက် ကောက်ခံ နေကြပါသည်။

တစ်ဖက်တွင်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် မူးယစ်တိုက်ဖျက်ရေး ကို နှစ်တိုင်းပြုလုပ် သော်လည်း အစိုးရထိန်းချုပ်ရာ ဒေသများတွင် လုပ်နိုင်ခြင်းမရှိခဲ့ပေ။

ကချင်ပြည်နယ်တွင်း တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးရွားလာသော မူးယစ်ဆေးဝါးအန္တရယ်ကြောင့် သက်ဆိုင်ရာ အစိုးရနှင့် KIO ကို အားမကိုးတော့ပဲ ကချင်အသင်းတော်များနှင့် လူထု ပူးပေါင်းပြီး မူးယစ်တိုက်ဖျက်ရေးကို ၂၀၁၄ နှစ်မှ စပြီး အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့ပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com 


အစိုးရစစ်တပ် မှ ရှေ့ဆက်သွားခွင့်ပိတ် ထားသောကြောင့် ပိတ်မိနေသော patjasan အဖွဲ့များ၏ လက်ရှိအခြေအနေ 18,2,2016 ။ ရုပ်/သံ (Lachid Kachin)  ကြည့်ရှုရန် အောက်ပါ ပုံကို နှိပ်ပါ

 
အစိုးရက PJS အင်အား ၂၃၀၀ ကျော်ကို ဆက်လက် တားမြစ်နေ  အစိုးရက PJS အင်အား ၂၃၀၀ ကျော်ကို ဆက်လက် တားမြစ်နေ Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.