အမျိုးသား လွှတ်တော် အတွက် NLD လေ့ကျင့်

 အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်း နဲ ဒုတိယ ဥက္ကဋ္ဌ ဖြစ် ဦးအေးသာအောင် တို့ကို NLD ပါတီက အဆိုပြု
ဇန်နဝါရီလ ၃ ရက်နေ့မှာ ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ကို ခေါ်ယူ ကျင်းပမှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး အတွက် ကြိုတင် လေ့ကျင့်မှုအဖြစ် ကြိုတင် အစည်းအဝေး တစ်ရပ်ကို ဖေဖော်ဝါရီလ ၂ ရက် နေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကြိုတင် အစမ်းလေ့ကျင့်မှု ပထမပိုင်းမှာ သဘာပတိ ရွေးချယ်မှုပုံစံတွေနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခြင်းတွေကို လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ကြိုတင် လေ့ကျင့်မှုကို တက်ရောက်ခဲ့တဲ့ ကယားပြည် နယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမူ က မဲထည့်ပုံ ထည့်နည်းတွေ၊ သဘာပတိ တွေ လာတဲ့ အခါမှာ ဘယ်လိုတွေ လုပ်ရတယ်ဆိုတာကို လေ့ကျင့် ကြရတယ် လို့ ပြောပါတယ်။

အမျိုးသား လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကနေ ၁၃၅ ဦး၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၁ဦး၊ ရခိုင်၊ ရှမ်း ၊ ဇိုမိး စတဲ့ တိုင်းရင်းသားပါတီ တွေ က ၁၀ ကျော် နဲ တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း ၁၆၈ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၅၆ဦး တို့ ပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်။

အမျိုးသားလွှက်တော် မှာ အမတ် နေရာအများဆုံးအနိုင်ရ ရှိထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ ချုပ်ပါတီက သဘာပတိ အဖြစ် ဦး ဇုန် လှယ်ထန်း ကို တင်သွင်း မှာ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်း နဲ ဒုတိယ ဥက္ကဋ္ဌ ဖြစ် ဦးအေးသာအောင် တို့ကို NLD ပါတီက အဆိုပြုမှာဖြစ်ပြီး တော့ အခြားပါတီ က အဆိုတင်တဲ့သူတွေ ရှိရင် မဲခွဲဆုံးဖြတ်တာတွေ လုပ်ဖို့ရှိတယ် လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တွေကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမျိုးသား လွှတ်တော် အတွက် NLD လေ့ကျင့်  အမျိုးသား လွှတ်တော် အတွက် NLD လေ့ကျင့် Reviewed by THITHTOOLWIN on 06:17 Rating: 5
Powered by Blogger.