တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ MPU ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ


မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) ပြန်လည် ဖွဲ့စည်းရေး
အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးမှ ဥက္ကဋ္ဌများနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အစည်းအဝေး တစ်ရပ်ကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္မူသီိရိဆောင်တွင် ကျင်းပခဲ့သည်။

“ လွှတ်တော်ဖွဲ့စည်းရေး ကိစ္စပါပဲ၊ တက်လာကြတဲ့ ဥက္ကဋ္ဌတွေ အားလုံး သဘောတူပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး ” ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ယင်း မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) ဖွဲ့စည်းရေး အကောင်အထည် ဖော်ရန် အစိုးရသစ် ဖွဲ့စည်းပြီးသည့် အချိန်မှသာ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

“ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ အရည်အသွေး တိုးတက်ရေးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဒီလိုဆောင်ရွက်တာ ဖြစ်တယ် ” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောသည်။

သတင်း - ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ MPU ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ MPU ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.