KTV ဆိုင်အတွင်း ၀င်ရောက်၍ ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်သူ တရားခံပြေးသုံးဦး ဖမ်းဆီးရမိ


နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ ချယ်ရီမေ KTV ဆိုင်တွင် ၁၄-၁၂-၂၀၁၅ ရက်နေ့ ညဥ့်သန်း ခေါင်ယံအချိန်၌ ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိသုံးဦးတို့အား
ရန်နောင်စိုးပါ ရှစ်ဦးတို့မှ ဓားနှင့်ခုတ်၊ တုတ်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီး တရားခံများမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ပျဉ်းမနားမြို့မရဲစခန်းမှ (ပ)၅၉၆/၁၅၊ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ တို့ဖြင့် အမှုဖွင့်ထား ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။


အချင်းဖြစ် အကြမ်းဖက်မှုတွင် ပါဝင်သည့် ဇော်မင်းနိုင် ကျပန်း (မ)၁၁၃၁ အခန်း(၁၉)၊ အောင်သုခလမ်း(၂၀)၊ ၆/ရှေ့ရပ်ကွက်၊ သာကေတမြို့နယ်နေသူ၏ နေရပ်လိပ်စာအား စုံစမ်းသိရှိရပြီး ဖေဖော်ဝါရီ ၁၃
ရက် ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစိုးညွန့်၊ ရဲအုပ်ထွန်းလှိုင်၊ ရဲအရာခံဝင်းဇော်၊ ရဲတပ်ကြပ်ဇော်မင်း ထိုက်တို့နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့မရဲစခန်း (ပ)၅၉၆/၁၅၊ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ အမှုမှ ထွက်ပြေးတရားခံများဖြစ်ကြသော ဇော်မင်းနိုင် ကျပန်း (မ)၁၁၃၁ အခန်း(၁၉)၊ အောင်သုခလမ်း(၂၀)၊ ၆/ရှေ့ရပ်ကွက်၊ သာကေတမြို့နယ်၊ မြင့်ဇော် (မ)၁၂၇၃ သလ္လာဝတီ(၄) လမ်း၊ (၁၃)ရပ်ကွက်၊ သာကေတမြို့နယ်နှင့် သီဟ အိမ်အမှတ်မရှိ ချင်းတွင်း(၄)လမ်း၊ (၆၇)ရပ်ကွက်၊ ဒဂုံဆိပ် ကမ်းမြို့နယ်နေသူတို့အား ဇော်မင်းနိုင်နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။


ကျန်တရားခံများ ဖမ်းဆီး ရမိရေး အတွက် ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal/
KTV ဆိုင်အတွင်း ၀င်ရောက်၍ ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်သူ တရားခံပြေးသုံးဦး ဖမ်းဆီးရမိ KTV ဆိုင်အတွင်း ၀င်ရောက်၍ ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်သူ တရားခံပြေးသုံးဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:59 Rating: 5
Powered by Blogger.