တိုက်ပွဲဝင်နေသည့် အစိုးရတပ်ဖွဲ့ဝင် ၃၀၀ ခန့်ကို ISIS အဖွဲ့ကွပ်မျက်


မိုဆူးလ် ၊ ၉-၂-၂၀၁၆

အီရတ်နိုင်ငံ မြောက်ပိုင်း နိနဝေပြည်နယ် မိုဆူးလ်မြို့၌ တိုက်ပွဲဝင် နေသည့် အစိုးရ တပ်ဖွဲ့ဝင် ၃ဝဝ ခန့်ကို ISIS စစ်သွေးကြွ အဖွဲ့က ကွပ်မျက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွပ်မျက်ခံရသူ များအနက် အများစုသည် ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက် တပ်ဖွဲ့ဝင် များနှင့် စစ်စည်းရုံးသူများ ပါဝင်ကြောင်း အီရတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ မာမွတ် အယ်လ်ဆော်ဂျီ က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားသည်။

ISIS စစ်သွေးကြွ များသည် မိုဆူးလ်မြို့၌ ယခုချိန်ထိတိုင် ကြီးစိုးလျက် ရှိပြီး လူအများအပြားအား ယခုကဲ့သို့ ကွပ်မျက်မှုသည် ၄င်းတို့ကို ကြောက်ရွံ့စေရန် အတွက် ဖြစ်ကြောင်း ဆော်ဂျီက ထပ်လောင်း ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com

တိုက်ပွဲဝင်နေသည့် အစိုးရတပ်ဖွဲ့ဝင် ၃၀၀ ခန့်ကို ISIS အဖွဲ့ကွပ်မျက်  တိုက်ပွဲဝင်နေသည့် အစိုးရတပ်ဖွဲ့ဝင် ၃၀၀ ခန့်ကို ISIS အဖွဲ့ကွပ်မျက် Reviewed by THITHTOOLWIN on 13:05 Rating: 5
Powered by Blogger.