ISတွေ လစ်ဗျားထဲ အခြေချမှာကို စိုးရိမ်နေ

ရောမမြို့ IS ဆန့်ကျင်ရေး ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ် (Credit: Reuters) 
IS ​အစ္စလာမ်မစ် ​အဖွဲ့သားတွေ ​လစ်ဗျားနိုင်ငံထဲ ​ဝင်ပြီး ​ခြေကုတ်ရယူမှာကို ​စိုးရိမ်နေကြပြီး ​လစ်ဗျားနိုင်ငံထဲ ​မဝင်အောင် ​လုပ်ဆောင်ဖို့ ​ပြောဆိုနေကြပါတယ်။

ရောမမြို့မှာ ​ပြုလုပ်နေတဲ့ ​အစည်းအဝေးမှာ ​သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ်လည်း ​တက်ရောက်နေပြီး ​အကြမ်းဖက် ​တိုက်ဖျက်ရေး ​ဆွေးနွေးမှုအတွင်း ​လစ်ဗျားအရေးကို ​အဓိကထား ​ဆွေးနွေးကြတယ်လို့ ​ဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာ ​ဒေါ်လာ ​သန်းနဲ့ချီ ​တန်ဖိုးရှိတဲ့ ​ရေနံတွင်းတွေ ​ရှိနေတာကြောင့် ​IS ​လို့ ​အဖွဲ့ရဲ့ ​လက်ထဲ ​ကျရောက်သွားမှာကို ​စိုးရိမ်နေကြပါတယ်။

လစ်ဗျားနိုင်ငံမှာ ​နယ်စပ်လုံခြုံရေးတွေ ​ရှိအောင်၊ ​လစ်ဗျားပြည်သူတွေရဲ့ ​လုံခြုံရေးရှိအောင် ​လုပ်ဆောင်ပေးမယ့် ​အစိုးရတစ်ခု ​ပေါ်ပေါက်အောင် ​လုပ်ဆောင်ဖို့ကိုလည်း ​စိတ်ဝင်စားနေကြပါတယ်။

IS ​တိုက်ခိုက်ချေမှုန်းရေးမှာ ​ပိုမို ​ပါဝင်လုပ်ဆောင်ဖို့ ​အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီးက ​မဟာမိတ်နိုင်ငံတွေကို ​တိုက်တွန်းထားပါတယ်။

သြစတြေးလျကတော့ ​အီရတ်မှာ ​စစ်ရေးအရ ​ဒုတိယအများဆုံး ​ပါဝင်နေတဲ့အတွက် ​ထပ်မံ ​အင်အားဖြည့်ဖို့ ​လုပ်သင့်မသင့်ဆိုတာကို ​စောင့်ကြည့်နေဆဲ ​ဖြစ်ပါတယ်။

အမေရိကန်က ​သြစတြေးလျကို ​ဖိအားပေးတာမျိုး ​မရှိဘူးလို့ ​သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောဆိုပြီး ​တခြား ​မဟာမိတ်နိုင်ငံတွေ ​ပိုပြီး ​တိုးချဲ့ ​လုပ်ဆောင်သင့်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

အခုလောလောဆယ် ​IS ​ကို ​တိုက်ခိုက်ဖို့ ​သြစတြေးလျ ​စစ်သား ​အယောက်ပေါင်း ​၇၅၀ ​အရှေ့အလယ်ပိုင်းမှာ ​ရောက်ရှိနေသလို ​ဝေဟင်တိုက်ခိုက်မှုမှာလည်း ​သြစတြေးလျက ​ပါဝင်ထားပါတယ်။

အမေရိကန် ​ဦးဆောင်တဲ့ ​မဟာမိတ်တပ်တွေကနေ ​ဝေဟင်တိုက်ခိုက်မှု ​အကြိမ်ပေါင်း ​တစ်သောင်း ​ပြုလုပ်ခဲ့ပြီး ​အဲဒီလို ​တိုက်ခိုက်မှုအတွင်း ​အလယ်အလတ် ​အဆင့်ရှိတဲ့ ​IS ​ခေါင်းဆောင်နဲ့ ​အဆင့်မြင့် ​ခေါင်းဆောင် ​တချို့ ​သေဆုံးခဲ့ရပြီလို့ ​အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီက ​ပြောပါတယ်။

By London bureau chief Lisa Millar
ABC Radio Australia
http://www.radioaustralia.net.au/burmese
ISတွေ လစ်ဗျားထဲ အခြေချမှာကို စိုးရိမ်နေ ISတွေ လစ်ဗျားထဲ အခြေချမှာကို စိုးရိမ်နေ Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.