FIFA ဥက္ကဌသစ် အဖြစ် Gianni Infantino ကို ရွေးချယ်

မစ္စတာ Infantino ဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ အထွေထွေ အတွင်းရေးမှုး တာဝန် ယူထားရာကနေ အခုလို ဖီဖာ ဥက္ကဌ အဖြစ် ဝင်ရောက် အရွေးခံ ခဲ့တာ ဖြစ်ပါတယ်။
FIFA ဥက္ကဌသစ် အဖြစ် Gianni Infantino ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။

ဇူးရစ် မြို့ FIFA အစည်းအဝေး ကနေ ဥက္ကဌသစ် ရာထူး အတွက် ဒုတိယ အကျော့ မဲပေး ခဲ့တာမှာ မစ္စတာ Infantino က ပြိုင်ဘက် ၃ ဦး ကို အနိုင်ယူ ခဲ့ပါတယ်။

မစ္စတာ Infantino ဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ အထွေထွေ အတွင်းရေးမှုး တာဝန် ယူထားရာကနေ အခုလို ဖီဖာ ဥက္ကဌ အဖြစ် ဝင်ရောက် အရွေးခံ ခဲ့တာ ဖြစ်ပါတယ်။

FIFA အဖွဲ့ အတွင်း ပိုမို ပွင့်လင်း မြင်သာမှု ရှိရေးနဲ့ ငွေကြေး ဆိုင်ရာ ခြစားမှု တွေ ကို ကြိုတင် ကာကွယ် နိုင်ရေး တို့ အတွက် ရည်ရွယ် ပြုလုပ် ထားတဲ့ ပြုပြင်ရေး စီမံကိန်း အပေါ် အစောပိုင်းတုန်းက အတည် ပြုနိုင်ခဲ့ ပါတယ်။

အဲဒီ့ အတည်ပြု ချက် အရ FIFA ဥက္ကဌ အပါအဝင် အရွေးကောက်ခံ အမှု ဆောင် အားလုံးကို သက်တမ်း အကန့် အသတ် ထားရှိ မှာ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာတွေကိုလည်း လျှော့ချ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
FIFA ဥက္ကဌသစ် အဖြစ် Gianni Infantino ကို ရွေးချယ်  FIFA ဥက္ကဌသစ် အဖြစ် Gianni Infantino ကို ရွေးချယ် Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.