(၄ လွှာ)က ပြုတ်ကျတဲ့ ခလေး (၃လွှာ)ရဲ့ ဆန်းရှိတ်အမိုးပေါ် တင်နေလို့ ကယ်တင်နိုင်ခဲ့


အသည်းယားအောင်လုပ်တဲ့ကလေး

26-2-2016 ရက်နေ့ မနက် 10:00 နာရီခန့်က ၄၁-တိုးချဲ့ရပ်ကွက်၊ မဟာမြိုင် အိမ်ရာ တိုက်၁၃ B4 ( ၄ လွှာ) ပြတင်းပေါက်မှ ကလေးငယ်တစ်ဦး ပြုတ် ကြခဲ့ပါတယ်။ ကံကောင်းစွာပဲ ကလေးငယ်ဟာ B3 (၃လွှာ)ရဲ့ ဆန်းရှိတ်အမိုးပေါ် တင်နေခဲ့ပါတယ်။


လမ်းသွား လမ်းလာများမြင်တွေ့၍ ကလေးငယ်အား ငြိမ်ငြိမ်နေရန် အော်ဟစ်သတိပေးကြတယ်။ (၃ လွှာ) အခန်းမှ ဦး ----- က အဲကွန်းပေါ်တက်ပြီး ကလေးခြေထောက်အား ကိုင်၍ ထိန်းထားပေးခဲ့ပါတယ်။ ပတ်ဝန်းကျင်မှ ပြည်သူများ၊ လူငယ်များသည် ကလေးအ သက်အားကယ်တင်ရန် ၄ လွှာ သို့ ပြေး တက်သွားကြရာ အခန်းတံခါးကို သော့ ပိတ်လျက်သားတွေ့ရှိကြတယ်။ သော့ကို ခက်ခက်ခဲခဲ ရိုက်ဖျက်ပြီး ကလေး ငယ်အား ဆွဲတင်ကာကယ်တင်လိုက် နိုင်ပါတယ် ...

မိခင်ဖြစ်သူမှာ ကလေးအိပ်ပျော်နေတုန်း အခန်းတံခါးအား သော့ပိတ်ပြီး ဈေးသွားသည်ဟု သိရပါသည်။ ကလေး အိပ်ရာနိုးတော့ အမေအားမတွေ့ရ၍ ပြတင်းပေါက်မှ ထွက်ဖို့ကြိုးစားတာ ဖြစ်
နို င်တယ်။
ကလေးမိဘများအနေဖြင့် ဒီလိုဖြစ်ရပ်မျိုး တွေမဖြစ်အောင် ဂရုစိုက်သင့်တယ် ...
ကလေးက ကံတော်တော်ကောင်းလို့ပါ နဲနဲလေး ဟန်ချက်ပျက်သွားတာနဲ့ မတွေးရဲစရာပဲ ....

မိဘတွေ ကိုယ့်ကလေးကိုယ်ဂရုစိုက်ကြပါ....

သတင်း - ဓါတ်ပုံ ။ ။ တာဘို (facebook)
(၄ လွှာ)က ပြုတ်ကျတဲ့ ခလေး (၃လွှာ)ရဲ့ ဆန်းရှိတ်အမိုးပေါ် တင်နေလို့ ကယ်တင်နိုင်ခဲ့  (၄ လွှာ)က ပြုတ်ကျတဲ့ ခလေး (၃လွှာ)ရဲ့ ဆန်းရှိတ်အမိုးပေါ် တင်နေလို့ ကယ်တင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.