အိန္ဒိယ နိင်ငံ တမီနာဒူးပြည်နယ်ပေါ်သို့  ဥက္ကာပျံ ကြွေကျ တဦးသေဆုံး သုံးဦးဒဏ်ရာရ


ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၆။

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူး ပြည်မှာရှိတဲ့ စက်မှုတက္ကသိုလ်ကျောင်းဝင်း တခုအတွင်းသို့ 7-2-2016 ည ၁၂ နာရီအချိန်မှာ ဥက္ကာပျံကြွေကျခဲ့မှု ဖြစ်ရပ်ကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ယခုလို့  ကောင်ကင်းကနေ ဥက္ကာပျံ ကြွေကျလို့  လူသေဆုံးရာတာဟာ သမိုင်းမှာ ပထဆုံးဖြစ်ပါတယ်။

တမီနာဒူးပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ယခုဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး ဖြစ်ပွားခဲ့သည့်  နေရာတွင် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ တွေက စုံးစမ်း စစ်ဆေးနေကြကြောင်း ပြောကြားခဲ့ပါတယ်။


ဖြစ်ပွားခဲ့တဲ့နေရာမှာ ကိုးပေခန့် နက်တဲ့  တွင်းဖြစ်သွားခဲ့ပါတယ်။ အနီးမှာ လမ်းလျှောက်နေသူ သုံးဦးလည်း ပေါက်ကွဲစတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

၅-၂-၂၀၁၆ ရက်နေ့ က အမေရိကန် အမျိုးသား အာကာသ လေ့ လာစောင့်ကြည့်ရေး ဌာနက ထုတ်ပြန်ချက်ကတော့ ၂၀၁၆ အတွင်း မှာ အာကာသတွင်းမှာ ကမ္ဘာနဲ့  အနီးဆုံးကို ရောက်လာနေတဲ့ ဥက္ကာပျံတွေ ဂြိုလ်သိမ်ဂြိုလ်မွှားပေါင်း (၈၇၉)လုံး ရှိနေတာကိုတွေ့ ရပြီး အများစုဟာ ပင်လယ်ပြင်အတွင်းကို ကြွေကျလာနိုင်တယ်လို့  ထုတ်ပြန် ထားပါတယ်။

သမိုင်း မှတ်တမ်းအရ ၂၀၁၃ ခုနှစ်က ရုရှ နိုင်ငံပေါ် ကို ဥက္ကာပျံကြွေကျခဲ့လို့  အဆောက်အဦး ၃၀၀၀ လောက် ပျက်စီးခဲ့ပြီး လူတထောင်လောက်ဒဏ်ရာရခဲ့တယ်လို့  အဆိုပါအဖွဲ့ ရဲ့  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တမီနာဒူးပြည်နယ် က အုပ်ချုပ်ရေး မှူးတဦးဖြစ်တဲ့ ဂျရာလာသီ ဟာ ကတော့ ယခုသေဆုံးရသူရဲ့  မိသားစုအတွက် ဒေါ်လာ ၁၄၇၃ ဒေါ်လာနဲ့ ညီမျှတဲ့ ရူပီ ငွေတစ်သိန်းပေးအပ်ခဲ့ပြီး ဒဏ်ရသူတွေအတွက် ရူပီငွေ နှစ်သောင်းငါးထောင် အကူညီပေးခဲ့ကြောင်း သိရပါတယ်။

indiarealtime/2016/02/08/
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အိန္ဒိယ နိင်ငံ တမီနာဒူးပြည်နယ်ပေါ်သို့  ဥက္ကာပျံ ကြွေကျ တဦးသေဆုံး သုံးဦးဒဏ်ရာရ  အိန္ဒိယ နိင်ငံ တမီနာဒူးပြည်နယ်ပေါ်သို့  ဥက္ကာပျံ ကြွေကျ တဦးသေဆုံး သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:06 Rating: 5
Powered by Blogger.