‎မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦးသေဆုံး‬


တောင်တွင်းကြီး ဖေဖော်ဝါရီ (၉)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးမှုတစ်ခု ယနေ့ ဖေဖော်ဝါရီ (၉) ရက် ညနေ (၃) နာရီ (၁၅) မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။


တိမ်းမှောက်သည့် မော်တော်ယာဉ်မှာ မကွေးမြို့နယ်၊ မိကျောင်းရဲနှင့်တောင်တွင်းကြီးမြို့သို့ ပြေးဆွဲနေသည့် ယာဉ်မောင်း ဦးတိုးကြည်(သ) ၄၉နှစ် မောင်းနှင်သည့် ယာဉ်အမှတ် ( ၆က/---- ) (၆)ဘီး ကောင်တာ အဖြူရောင်ယာဉ်ဖြစ်ကာ တောင်တွင်းကြီးမြို့မှ မိကျောင်းရဲသို့ ကြက်သောင်းဝါး အလုံး(၅၀)၊ ဆန်အိတ်(၁၀)အိတ်၊ ခရမ်းချည်သီး(၈)အိတ်နှင့် ဈေးသည်များတင်ဆောင်လျှက် မိကျောင်းရဲသို့ပြန်လာစဉ် တောင်တွင်း-မကွေးကားလမ်း မိုင်တိုင်အမှတ်(၂၈၁/၅) အနီးအရောက်တွင် မော်တော်ယာဉ် တိုက်ရော့ပြုတ်ကာ လမ်း၏၀ဲဘက်ခြမ်း ပေ(၃၀) ခန့်အကွာရှိ အနက်(၄)ပေ၊ အကျယ်(၇)ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော အသက်(၅၅)နှစ်ရှိ ဒေါ်စန်းမှာ နံရိုးကျိုးကာ အသဲစိုက်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်သောင်းတင်(သ)၄၇နှစ်၊ ဒေါ်စန်းရီ(သ)၅၂နှစ်၊ မရီဌေး(သ)၃၅နှစ်၊ ဒေါ်ဝင်းစိန်(သ)၅၆နှစ်၊ ကိုခင်မောင်သိန်း(သ)၃၈နှစ်၊ ဒေါ်စိန်မှုံ(သ)၇၁နှစ်၊ မခင်ညို(သ)၄၂နှစ်၊ ဦးတိုးကြည်(သ)၄၉နှစ် တို့မှာ (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး တောင်တွင်းကြီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။


ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးတိုးကြည်အား ဥပဒေအရ အရေးယူဆောင်ဆောင်ရွက်ပေးရန် ရဲတပ်ကြပ်ကြီး ရဲဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့မရဲတပ်ဖွဲ့စခန်း ယာဉ်(ပ) ၁၃/၂၀၁၆ ၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi
‎မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦးသေဆုံး‬  ‎မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦးသေဆုံး‬ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.