မြန်မာနိုင်ငံမှ လူငယ်များအား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဖြစ်စေချင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


 ဗိုလ်ချုပ်အောင်းဆန်း ၁၀၁ နှစ်ပြည့်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရာ ဥတ္တရသီရိမြို့နယ်ရှိ နှင်းဆီစံအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်လှူပြီး မြန်မာလူငယ်များ ဗိုလ်ချုပ်အောင်းဆန်းကဲ့သို့ ဖြစ်စေချင်ကြောင်း ပြောသည်။

“ဖေဖေ့မွေးနေ့ကလည်း ကလေးများနေ့ဆိုတော့ ကိုရင်တွေကို ဆွမ်းကပ်တာပါ၊ အင်မတန်မှ ကြည်နူးစရာ ကောင်းပါတယ်၊ ခပ်တိုတို ပြောရမယ်ဆိုရင် မြန်မာပြည်က လူငယ်တွေ ဖေဖေ့လို ဖြစ်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် သံဃာတစ်ပါးနှင့် ကိုရင် ၁၅ ပါးတို့အား ဆွမ်းခဲဖွယ်များ ဆက်ကပ်ခဲ့သည်။

သတင်း - ကိုပေါက်
Photo - NLD
The Ladies News
https://www.facebook.com/News.TheLadies
မြန်မာနိုင်ငံမှ လူငယ်များအား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဖြစ်စေချင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော  မြန်မာနိုင်ငံမှ လူငယ်များအား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဖြစ်စေချင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 14:03 Rating: 5
Powered by Blogger.