နိုင်ဂျီးရီးယား ဘော်နိုပြည်နယ်မှာ ဗုံးခွဲ

 နိုင်ဂျီးရီးယား စစ်ပြေးဒုက္ခသည် စခန်း
နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း က Borno ပြည်နယ် ဘက်မှာ ရွာပြေးရွာရှောင် တွေ စခန်းချတဲ့ စခန်း ကို အသေခံ တိုက်ခိုက်မှု ပြုတဲ့ အတွက် လူပေါင်း ၅၀ ကျော် သေဆုံး တဲ့ အကြောင်း အစိုးရ အရာရှိတွေ က ပြောပါတယ်။ အမျိုးသမီး နှစ်ယောက် က အသေခံ ဗုံးခွဲ အပြီး၊ ကျန် တဦး က သူ့မိဖ တွေ ဒီစခန်း မှာ ရှိတဲ့ အတွက် ဗုံး စနက်တံ ကို ဖေါက်ခွဲ ဖို့ ငြင်းဆိုလိုက် လို့ သူ့ ကိုတော့ ဖမ်းမိ လိုက်ပါတယ်။

ဒုက္ခသည် စခန်း က လူတွေ ဟာ စစ်သွေးကြွ ဘိုကိုဟာရမ်တွေ ရဲ့ ၆ နှစ် ကြာ တိုက်ခိုက်မှု ကို ခံကြရတဲ့ အတွက် လူပေါင်း နှစ်သန်း ဟာ ရပ်ရွာ စွန့်ခွာ ပြေးလာရတာပါ။ အခု တိုက်ခိုက်မှု ကို ကြည့်ရင် လည်း လက်နက်ကိုင်တပ်ဖွဲ့ တွေ စောင့်ရှောက် ထားတဲ့ စခန်း ကို လာတိုက်တယ် ဆိုကတည်း က ဒုက္ခသည် တွေ ဟာ လုံခြုံမှု မရှိ ကြဘူး ဆိုတာ သိသာတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

တကယ်တော့ ဘိုကိုဟာရမ် အဖွဲ့ဝင် တွေ ဟာ လည်း နိုင်ဂျီးရီးယား၊ ချဒ်၊ ကင်မရွန်း နဲ့ နီဂျဲ နိုင်ငံ တွေ က စုပေါင်းတပ်ဖွဲ့ တွေ ရဲ့ နှိမ်နင်းမှု ကြောင့် မြို့ရွာ အတော်များများ ကနေ ထွက်ပြေး နေရပါပြီ။ ဒါပေမဲ့ သူတို့ဟာ နိုင်ဂျီးယား ပြည်နယ်ဘက်တွေ မှာ သွားလာ ယင်း အရပ်သားတွေ ကို အကာအကွယ် ပေးနေတဲ့ တပ်အင်အား အစောင့်အရှောက် နည်းပါး တဲ့ ဈေးတွေ၊ ဗလီ ဝတ်ပြုကျောင်းတွေ ကို ဆိုရင် ဝင်ရောက် တိုက်ခိုက်မှု ပြုနေ ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
နိုင်ဂျီးရီးယား ဘော်နိုပြည်နယ်မှာ ဗုံးခွဲ  နိုင်ဂျီးရီးယား ဘော်နိုပြည်နယ်မှာ ဗုံးခွဲ Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.