ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက် များ လေ့ကျင့် ပစ်ခတ်ခြင်းများ လေ့ကျင့် ဆောင်ရွက်သွားမည်

တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းပြုလုပ်မည့် ဧရိယာပြမြေပုံ (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

    တပ်မတော် (ရေ) စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်း ရေပြင်တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်အတွင်း လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလ အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် လေ့ကျင့်ရေး ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း ၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာခဲ့သည်။

လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန် ကြေညာထားရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက် များ လေ့ကျင့် ပစ်ခတ်ခြင်းများ လေ့ကျင့် ဆောင်ရွက်သွားမည်  ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက် များ လေ့ကျင့် ပစ်ခတ်ခြင်းများ လေ့ကျင့် ဆောင်ရွက်သွားမည် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.