နိုင်ငံအနှံ့ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားခြင်းကြောင့် ကော့မှူးမြို့ နယ်၌ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကြား


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံနေရာ ဒေသအနှံ့တွင် ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားလျက် ရှိခြင်းကြောင့် ကော့မှူးမြို့ နယ်တွင် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး နှင့် ပတ်သက်၍ အခြား လိုအပ်ချက်များ အားလုံးကိုမြို့ နယ် အုပ်ချုပ်ရေးမှူးမှ မီးသတ် ဦးစီးဌာန နှင့် ညှိနှိုင်း၍ စီမံချက် အမြန်ဆုံး တင်ပြရန် မေတ္တာရပ်ခံစာအား ကော့မှူး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကော့မှူးမြို့ နယ် အုပ်ချုပ်ရေးမှူးထံသို့ ပေးပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့ နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး နှင့် ပတ်သက်၍ မီးသတ် ဦးစီးဌာန နှင့် ပူးပေါင်းကာ လူနေ ထူထပ်သည့် ရပ်ကွက် ၊ ဈေး ၊ ကျောင်း ၊ ဆေးရုံ ၊ ရုံးလူနေအိမ် နေရာတို့တွင် မီးသတ်ဘူးများ ဆောင်ထားရှိရန် ပညာပေး လှုံ့ဆော်မှုများ ဆောင်ရွက်ရန် စသည့် အချက်များအရ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ပြုလုပ်ထားရန် အထူးလိုအပ်မည် ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည် အရွေးချယ်ခံ အနိုင်ရရှိခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံအနှံ့ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားခြင်းကြောင့် ကော့မှူးမြို့ နယ်၌ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကြား   နိုင်ငံအနှံ့ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားခြင်းကြောင့် ကော့မှူးမြို့ နယ်၌ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကြား Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.