ဆော်ဒီ ပညာရေးရုံးမှာ ပစ်ခတ်၊ ၆ ဦးသေ

 ပစ်ခတ်မှု ဖြစ်ပွားတဲ့ ရုံး အပြင်ဘက်မှာ အရေးပေါ် ယာဉ်တွေကို တွေ့ရ။
ဆော်ဒီ အာရေဗျ နိုင်ငံ တောင်ပိုင်း၊ ဂျာဇန် ပြည်နယ်က ပညာရေး ဌာနရုံးမှာ လူတစ်ယောက်က သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ဝန်ထမ်း ၆ ဦး သေဆုံး သွားတယ်လို့ ဆော်ဒီ အရာရှိတွေက ပြောပါတယ်။

ယီမင် နယ်စပ်နဲ့ နီးတဲ့ Ad Dair ဒေသမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရသူ ၂ ဦး ရှိပြီး တိုက်ခိုက်သူကို ဖမ်းဆီး မိခဲ့တယ်လို့ အရာရှိ တစ်ဦးက ပြောပါတယ်။

ပစ်ခတ် တိုက်ခိုက်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဒီအမှုကို ရာဇဝတ်မှုခင်း အဖြစ် ကိုင်တွယ် နေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သူဟာ အဲဒီ ဌာနက ဝန်ထမ်း မဟုတ်ဘဲ အလုပ် ကိစ္စနဲ့ လာတဲ့ လူတစ်ယောက် ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းက ဆိုပါတယ်။

ဆော်ဒီ နိုင်ငံမှာ အခုလို ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိသလောက် ရှားပေမယ့် အခု နောက်ပိုင်းမှာတော့ IS အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။

ဆော်ဒီ နိုင်ငံဟာ တောင်ပိုင်းက ယီမင် နိုင်ငံမှာလည်း ရှီးယား ဟွတ်သီ သူပုန်တွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆော်ဒီ ပညာရေးရုံးမှာ ပစ်ခတ်၊ ၆ ဦးသေ  ဆော်ဒီ ပညာရေးရုံးမှာ ပစ်ခတ်၊ ၆ ဦးသေ Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.