အနီကတ်ပြတဲ့ ဒိုင်အား သေနတ်နဲ့  ပစ်သတ်


February 17, 2016 2:22am

အာဂျင်တီးနား နိုင်ငံ ကော်ဒိုဘာ မြို့ နယ် ဘောလုံးပွဲတခုအတွင်း ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူပေးရသူ César Flores စီစာ ဖလိုရက် အသက် ၄၈ နှစ် မှာ အားကစားသမား တဦးအား အနီကပ်ပြကာ ထုတ်လိုက်တဲ့ အတွက် စိတ်ဆိုးဒေါသ ထွက်နေသူ ဘောလုံး ကစားသမားက သေနတ်ဖြင့် ပစ်ခတ်လိုက်လို့  သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။


မျက်မြင် သက်သေတွေရဲ့  ပြောဆိုချက်မှာ ကွင်းလည်ဒိုင်ရဲ့  ဦးခေါင်းနဲ့  ရင်အုံ ကို သေနတ်နဲ့  သုံးချက်ပစ်ခံခဲ့ရကြောင်း သိရပါတယ်။

ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးကို မကြေနပ်လို့  အားကစားသမားက ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပေမဲ့ ခုလို သေနတ်နဲ့  သေတဲ့အထိပစ်တဲ့ အမှုကတော့ အလွန်ဖြစ်ခဲတဲ့ ဖြစ်ရပ်ပါ။

ယခုဖြစ်ရပ်မှာ ဒိုင်လူကြီးဖြစ်သူသေဆုံးခဲ့ရပြီး သေနတ်ကိုင် လာသူကို ၀င်ရောက်ဟန့် တားခဲ့တဲ့ အားကသမား နောက် တဦးလည်း ဒဏ်ရာရ သွားခဲ့ကြောင်း သိရပါတယ်။

dailytelegraph.com
Social Action for Women - SAW
အနီကတ်ပြတဲ့ ဒိုင်အား သေနတ်နဲ့  ပစ်သတ်  အနီကတ်ပြတဲ့ ဒိုင်အား သေနတ်နဲ့  ပစ်သတ် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.