ပုသိမ်မြို့လယ်ကောင်ရွှေဆိုင်မှ ရွှေဆွဲကြိုးလုသူနှစ်ဦးကိုဖမ်းမိ


ပုသိမ် ဖေဖော်ဝါရီ ၁၇

ပုသိမ်မြို့လယ်ကောင်ရွှေဆိုင်မှ ရွှေဆွဲကြိုးဝယ် ဟန်ဆောင်ပြီး လုယူထွက်ပြေးသွားသည့် ညီအစ်ကို နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲက ကုန်စုံလမ်းနှင့် မြေနုလမ်းထောင့်ရှိ နဝရတ်ရွှေဆိုင်ဖွင့်ချိန် ၌ ရွှေဆိုင်ရောင်းတာဝန်ခံ မောင်အောင်စိုးမိုး (၂ဝနှစ်) ရှိနေစဉ် ဆိုင်ရှေ့၌ ဆိုင်ကယ်ဦးထုပ်ဆောင်းထားကြသော လူရွယ်နှစ်ဦးရောက်ရှိလာပြီး တစ်ဦးက ရွှေဆိုင်ထဲ ဝင်ရောက်၍ ရွှေဆွဲကြိုးတစ်ကုံး လိုချင်ကြောင်းပြောသဖြင့် မောင်အောင်စိုးမိုးက ရွှေဆွဲကြိုးများ ပြသနေစဉ် ငွေကျပ် ၁၂ သိန်းကျော်တန် ရွှေဆွဲကြိုးကိုရွေးယူကာ လမ်းပေါ်၌ ဆိုင်ကယ်နှင့် ရပ်နေသူ ဝင်းလှိုင်အား ငွေကျပ် ၁၂ သိန်း ကျော်ပေးချေရန် လှမ်းပြောလိုက်ကြောင်း၊ ထို့နောက် အောင်စိုးမိုးက ငွေယူရန်ထွက်သွားစဉ် ရွှေဆွဲကြိုးဖိုး ကျသင့်ငွေ ပေးချေခြင်းမရှိဘဲ ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပုသိမ်နယ်မြေ အသည်ကြီး ရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းဇော်ဦးနှင့်အဖွဲ့က ပြစ်မှု ကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ယခင်ပြစ်မှုကျူးလွန်ခဲ့ဖူးသူ မြင့်လှိုင်(၁၉ နှစ်)နှင့် ဝင်းလှိုင် (၂၇ နှစ်) ပုသိမ်မြို့နယ် သင်္ဘောကျင်းတစ်ဖက်ကမ်း ဆယ်ပင်ကြီးကျေးရွာနေသူတို့ဖြစ်နိုင်ကြောင်း သံသယ ရှိသဖြင့် ၄င်းတို့နှစ်ဦးအား ဆက်လက်ရှာဖွေရာ သာပေါင်း မြို့မဈေး ရွှေဆိုင်တစ်ဆိုင်၌ သက်သေခံရွှေဆွဲကြိုးကို ရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့သည်။

ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုသိမ်မြို့လယ်ကောင်ရွှေဆိုင်မှ ရွှေဆွဲကြိုးလုသူနှစ်ဦးကိုဖမ်းမိ  ပုသိမ်မြို့လယ်ကောင်ရွှေဆိုင်မှ ရွှေဆွဲကြိုးလုသူနှစ်ဦးကိုဖမ်းမိ Reviewed by THITHTOOLWIN on 05:13 Rating: 5
Powered by Blogger.