မူစယ် - မန္တလေး ပြည်ထောင်စုလမ်း အဆင်းအတက်ကားကြီးများ အလှည့်ကျ ဆင်း-တက်နေရ


ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မန္တလေး - လားရှိုး - မူစယ် ကားလမ်းတွင် မိုးတိတ်သွားသည့်နောက်ပိုင်း လမ်းပြန်ပွင့် သွားပြီဟု ဆိုသော်လည်း တရုတ်ဘက်မှ တန်ချိန်လွန် ကုန်ကားကြီးများကြောင့် ခရီးဖင့်နွဲနေ ဆဲဖြစ်ကြောင်း လားရှိုးမှကား သမား များအသိုင်းအ၀ိုင်းကပြောသည်။

ပြီးခဲ့သည့် ဂျန္န၀ါရီလနှောင်းပိုင်းက ရာသီဥတု အအေးလွန်ကဲမှုနှင့် မိုးရွာ သွန်း မှုတို့ကြောင့် မန်းတလေး လားရှိုး မူစယ် ကားလမ်း တွင် ကားကြီးများ မကြာ ခဏတိမ်းမှောက်ရာ လားရှိုး-မူစယ်ခရီးသည်တင်ကားများ လမ်းတွင် ညအိပ် ခဲ့ရကြောင်း ၊ သို့သော် ဖေဖော်ဝါရီလဆန်းမှစပြီး အစိုးရ တာဝန်ရှိ သူများက အဆင်းနှင့်အတက် ကားများအား သတ်မှတ်ချိန်အတွင်းသာ တက် ဆင်းရန် စီစဉ်ပေးရာ လမ်းတွင်ညအိပ်ရခြင်းမှ လွတ်ကင်းခဲ့သော်လည်း ကားကြီးများေ ကြာင့် လမ်းကျဉ်းကွေ့များတွင် အခက်အခဲရှိနေသေးကြောင်း လားရှိုးကား ဆရာ စိုင်းအောင်ကပြောသည်။

“ဒီရက်ပိုင်းတော့..ကြပ်ကြပ်မတ်မတ်နဲ့ရှင်းပေးတော့ပိတ်တာတော့မရှိသလောက်ပါဘူး။ ဒါပေမယ့် ဂုတ်တွင်းကတော့ မထူး ခြားဘူး။ အရင်အတိုင်းဘဲ။ ဘာ လို့လဲဆိုတော့ အတက် အဆင်းကား တွေထဲမှာ ၇၀ ရာခိုင်နှုန်းက တရုတ် ဘက်က တန်ချိန် လွန်ကုန်ကားကြီးတွေဖြစ်နေတယ်။ နောက်ပြီး လမ်းနဲ့ယာဉ် အရေတွက်လည်းမမျှဘူး...လမ်းရဲ့ကြံ့ခိုင်မှုကလည်း အလွန် ညံ့ဖျင်းလို့ ကား လမ်းတွေပိတ်နေတုန်းဘဲ။ ကုန်ကားကြီးတွေက မြို့တွင်းမြို့ပြင် မထားဘူး။ တအားမောင်းတော့ ယာဉ် တိုက်မှုလည်း နေ့တိုင်းဖြစ်နေ တယ်။” - ဟု စိုင်းအောင်ကပြောသည်။

နောင်ချိုမြို့နယ် ရဲစခန်းမှညွှန်ကြားချက်အရ မူစယ် မှ လားရှိုးအဆင်းကား များ အား မနက် ၆ နာရီမှ ၁၀ နာရီအထိတကြိမ်၊ ညနေ ၆ နာရီမှ ည ၈ နာရီအထိ တကြိမ်၊ ကွတ်ခိုင်မှ မူစယ် အတက်ကားများအားမွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တကြိမ်၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ တကြိမ် လွှတ်ပေး မည်ဟုပါရှိကြောင်း ကားသမား စိုင်းထွေးကလည်း ပြောပါ သည်။

“သို့သော် ယာဉ်ငယ်များနှင့် ခရီးသည်တင်ဘတ်စ်ကား များအတွက်မပါဟု ဆိုသော်လည်း ကားအတက်အဆင်း လမ်းကျဉ်း သည့်နေရာတွင်မူ အချိန်ပေး တိမ်းရှောင်ခဲ့ရကြောင်းလည်း ကားသမားများကပြောပါသည်။ ကျနော်တို့ ကားသမားအမြင်ပြော ရရင်တော့..သျှမ်းမြောက်လမ်းဟာ၂၂ဘီးတွေ သွား လို့ရတဲ့အရည်အသွေး..လုံးဝမရှိဘူး.ပြေးဆွဲခွင့်မပေးသင့်သေးဘူး။”- ဟု စိုင်းအောင်ကပြောသည်။

တရုတ်-မြန်မာ တိုက်ရိုက်ကုန်သွယ်မှု အထူးပြုလုပ်နေသော မန်းတလေး - မူစယ် ပြည်ထောင်စု ကားလမ်းသည် ၂၀၁၅ ခုနှစ်လယ်ပိုင်းကစပြီး တရက် လျှင် ပျှမ်းမျှ ကားကြီးငယ်ထောင်ဂဏန်း သွားလာနေသဖြင့် ယခုနှစ် ဂျန္န၀ါရီ လလယ်ပိုင်းက မကြုံစဖူးကားလမ်းပိတ်ခြင်းကြုံတွေ့ခဲ့ရပြီး တရက်သာ သွားရ သည့်ခရီးမှာ ၅ ညထက်မနည်း လမ်းတွင်ညအိပ်ခဲ့ရကြောင်း ၊ ကုန်စိမ်း သည်များအထူးနစ်နာဆုံးရှုံးမှု ရှိခဲ့ကြောင်း ကုန်သည်များနှင့် ကားသမား များကပြောပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မူစယ် - မန္တလေး ပြည်ထောင်စုလမ်း အဆင်းအတက်ကားကြီးများ အလှည့်ကျ ဆင်း-တက်နေရ  မူစယ် - မန္တလေး ပြည်ထောင်စုလမ်း အဆင်းအတက်ကားကြီးများ အလှည့်ကျ ဆင်း-တက်နေရ Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.