အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက် အိုင်အက်စ်စစ်သွေးကြွ ၂၈ ဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရ


ဂျလာလာဘတ် ဖေဖော်ဝါရီ ၆

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်တွင်းမှ အာချင်နှင့်ကော့တ်ခရိုင်များအတွင်းရှိ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ဝင်များ ပုန်းခိုရာနေရာများကို ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက် မှုများပြုလုပ်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် ၂၈ ဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရ က ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်း မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုအတွင်း အိုင်အက်စ်တိုက်ခိုက်ရေးသမားများ၏မော်တော်ယာဉ် နှစ်စီးပျက်စီးသွားပြီး အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းကြေညာ ချက်တွင်ဖော်ပြသည်။

နန်ဂါဟာပြည်နယ်၏အစိတ်အပိုင်းအချို့တွင် အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးအဖွဲ့မှ စစ်သွေးကြွများ၏လှုပ်ရှားမှုများရှိနေပြီး ယင်းလေကြောင်းမှ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းတို့ကလက်တလောမှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြသည်။

ဆင်ဟွာ။

The Mirror Daily
https://www.facebook.com/TheMirrorDaily
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက် အိုင်အက်စ်စစ်သွေးကြွ ၂၈ ဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရ  အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက် အိုင်အက်စ်စစ်သွေးကြွ ၂၈ ဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.