နီပေါတွင် ပျောက်ဆုံးပျက်ကျသွားသည့် လေယာဉ်မှ ခရီးသည်အားလုံး သေဆုံး

Tara လေကြောင်းလိုင်းပိုင် လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)
    ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

    နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပျောက်ဆုံးသွားသော ခရီးသည် ၂၃ ဦးအား တင်ဆောင်လာသည့် လေယာဉ်သည် နီပေါနိုင်ငံ Myagdi ခရိုင်၌ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေး ဝန်ကြီး Ananda Prasad Pokharel က ပျက်ကျခဲ့သည့် လေယာဉ်အား Myagdi ခရိုင်အတွင်းရှိ သစ်တောတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လေယာဉ်သည် သစ်ပင်များ နှင့် တိုက်မိပြီး မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဒေသခံ ရဲတပ်ဖွဲ့ဝင်များက လေယာဉ်သည် မီးလောင်ကျွမ်းဆဲဖြစ်ပြီး အချို့ရုပ်အလောင်းများသည် လေယာဉ် ပြင်ပ၌ ပြန့်ကျဲနေကာ အချို့ရုပ်အလောင်းများမှာ လေယာဉ်ထဲ၌ပင် ရှိနေဆဲဖြစ်ကြောင်း နှင့် လေယာဉ် ပျက်ကျရာနေရာရှိ ရုပ်အလောင်းများအား မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
နီပေါတွင် ပျောက်ဆုံးပျက်ကျသွားသည့် လေယာဉ်မှ ခရီးသည်အားလုံး သေဆုံး နီပေါတွင် ပျောက်ဆုံးပျက်ကျသွားသည့် လေယာဉ်မှ ခရီးသည်အားလုံး သေဆုံး Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.